အမေတို့နဲ့ ထမင်းစားပြီးသည်နှင့် အိမ်ပြန်လာလိုက်သည်။ သို့သော်လည်း အိမ်ပြန်လမ်းတစ်လျှောက် စကားမပြောပဲနေတဲ့ ကလေးငယ်ဟာ အခုတော့ အခန်းထဲမှာ တစ်ယောက်ထဲ ငိုနေလေသည်။ တံခါးအား လော့ချထားသည်မို့ ဝင်လို့မရနိုင်ပေမယ့် သော့နဲ့ဝင်ရင်တော့ ရနိုင်သည်။
သို့သော် ကျွန်တော် မလုပ်ဖြစ်ပါ။ ကလေးငယ်အတွက် အချိန်ပေးဖို့လိုသည်။ ကလေးငယ် ငိုတိုင်း ကျွန်တော့်ရင်ဘတ်ထဲက နာကျင်မှုဟာ အတိုင်းအဆမရှိအောင်ပင်။
မွန်းကြပ်နေတဲ့ ကလေးငယ်ရဲ့စိတ်အား ကျွန်တော် နားမလည်သည်မဟုတ်။ ကလေးငယ် ကြောက်ရွံ့နေတဲ့စိတ်တွေကို ဖျောက်ပေးချင်သည်။
မပြောပြပဲ ငြိမ်နေတဲ့ ကလေးငယ်ရဲ့ ပုံစံလေးတစ်ခုကိုသာ မကြိုက်၊ ပွင့်ပွင့်လင်းလင်း ပြောရင် အဆင်ပြေပြေနဲ့ ဖြေရှင်းလို့ရနိုင်ပေမယ့် အခုတော့........
ကျွန်တော် ဒီညအတွက် အခန်းထဲ မဝင်ဖြစ်သလို ကလေးငယ်ကို တယောက်တည်းနေလို့ရအောင် ထားလိုက်သည်။
*လျစ်လျူရှုတယ်လို့ မထင်လိုက်ပါနဲ့ ကလေးငယ်၊ ကိုကို့အတွက် ကလေးငယ်က အရာရာပါပဲ၊ ကလေးငယ် နာကျင်နေတာကို ကိုကို မကြည့်ရက်ပါဘူး၊ ကလေးငယ် အခုလို ငိုလိုက်လို့ အားလုံး ပြေပျောက်သွားရင် ကိုကို ကျေနပ်ပါပြီ၊ ဒီနေ့လေးပဲ ငိုပါ ကလေးငယ်၊ ကိုကို ရင်နာနေပေမယ့် စောင့်နေပါ့မယ်*
ကျွန်တော် လွတ်နေတဲ့အခန်းထဲဝင်လိုက်ကာ ဝမ်းနည်းစိတ်တွေကို မြိုသိပ်ရင်း အိပ်လိုက်သည်။
................
At Morning....
ကျွန်တော် နိုးလာတော့ အခန်းထဲကနေ ကလေးငယ်ရှိရာသို့ အခန်းသော့ဖွင့်ကာ ဝင်လိုက်သည်။စောင်လည်းမခြုံပဲ ကုတင်ထက်မှာ အိပ်ပျော်နေတဲ့ ကလေးငယ်ရဲ့ပုံစံက ငိုပြီး အိပ်သွားသည်ဆိုတာ အရမ်းသိသာသည်။
ကျွန်တော် ကလေးငယ် တခုခုဖြစ်မှာ စိုးရိမ်ကာ နှဖူးလေးကို စမ်းကြည့်တော့ ဘာမှမဖြစ်တာမို့ စိတ်ချသွားရသည်။ အိပ်မော်ကျနေတဲ့ ကလေးငယ်ရဲ့ မျက်နှာကို ကြည့်တော့ ဖောင်းအစ်အစ် ဖြစ်နေသည်။
YOU ARE READING
To Love❤(Complete)
Romanceမမြင်မတွေ့ဖူးကြတဲ့ လူသားနှစ်ယောက် ဘိုးဘွားတို့ရဲ့ ကတိတွေကြောင့် လက်ထပ်ဖို့ရန် အကြောင်းဖန်လာသောအခါ