"ကိုကိုရေ"
"လာပြီ ကလေးငယ်"
ကျွန်တော် အောက်ထပ်မှာ ကလေးငယ်အတွက် သစ်သီးလေး လှီးပေးနေတုန်း ခေါ်သံကြောင့် ပြန်ထူးလိုက်သည်။ လှီးထားတဲ့ အသီးတွေကို ပန်းကန်ထဲ ထည့်လိုက်ကာ ကလေးငယ် ဆွသို့ လာလိုက်သည်။
"ဘာပြောမလို့လဲ ကလေးငယ်"
"သား ဘာဇာတ်လမ်းကြည့်ရမှန်းမသိတော့လို့"
"အော်.. ရော့ ဒီမှာ အသီးလေးနဲ့ ဒိန်ချဉ်"
"စားတာပဲကောင်းတယ် မကြည့်တော့ဘူး"ဆိုကာ ဖွင့်ထားလက်စ Laptopကို ပိတ်လိုက်သည်။
ပြီးနောက် ထည့်ပေးထားတဲ့ အသီးတွေကို တစ်ခုပြီးတစ်ခု စားရင်း ခြေထောက်လေး လှုပ်စိလှုပ်စိနဲ့ အရသာတွေ့နေပုံရသည်။
ထိုစဉ် Ring~~~ Ring
"အေး အာကာ ပြော"
"မင်းကွာ အခုတလော တော်တော်ပျောက်"
"မပျောက်ပါဘူးကွာ ကိစလေးရှိနေလား"
"အေး ကိစက နှစ်ခု"
"ပြော....ဘာများလဲ"
ွကလေးငယ်က စားနေရင်း ကျွန်တော့်ကိုလှည့်ကြည့်နေပုံက ပါးစပ်ထဲ အသီးတွေကြောင့် ပါးကဖောင်းနေပြီး မျက်လုံးလေးကလည်း ချစ်စရာကောင်းအောင် လုပ်ပြနေတာမို့ အသည်းယားကာ နှဖူးလေးကို တချက်နမ်းလိုက်သည်။
"မင်း သတင်းစာရှင်းလင်းပွဲ ငါကြည့်လိုက်ရတယ်၊ ဘယ်လို ဖြစ်တာလဲကွာ"
"ကလေးငယ် မုန့်ခနစားနေနော် ကိုကို ဝရံတာမှာ စကားပြောလိုက်ဉီးမယ်"
"ဟုတ်"
ကျွန်တော်လည်း ကလေးငယ်ကို အခန်းထဲမှာ နေခဲ့ခိုင်းပြီး ဝရံတာကိုသာ ထွက်လာလိုက်သည်။
"ကိစကတော့ ရိုးရိုးတန်းတန်းမဟုတ်ဘူးလို့ ငါထင်တယ်၊ ငါ စုံတော့စုံစမ်းထားတယ်"
"သန့်မှူးလေးရော အဆင်ပြေရဲ့လား"
"ဟူးးးး ဘယ်ပြေမလဲကွာ၊ သူက သူ့ကိုယ်သူထက် ငါ့ကို ပိုတွေးပူနေတာ၊ အခုလို ဖြစ်သွားရတာက ငါ သူ့ကို ယူလိုက်လို့တဲ့၊ ပြီးတော့ ငါ့ကို လူတွေ အပြစ်ပြောမှာ အထင်သေးခံရမှာ ကြောက်နေတာ၊ မနေ့က တနေ့လုံး ငိုနေလို့ ချော့ထားရတယ်၊ သတင်းစာရှင်းလင်းပွဲမှာ သူ့ကို မခေါ်သွားတာလဲ အဲ့တာကြောင့်ပဲ"
YOU ARE READING
To Love❤(Complete)
Romanceမမြင်မတွေ့ဖူးကြတဲ့ လူသားနှစ်ယောက် ဘိုးဘွားတို့ရဲ့ ကတိတွေကြောင့် လက်ထပ်ဖို့ရန် အကြောင်းဖန်လာသောအခါ