At 2:30
"ကလေးငယ် သွားရအောင်"
ခုံပေါ်မှာ ထိုင်ကာ ဂိမ်းအသည်းအသန်ဆော့နေတဲ့ သန့်မှူးအား ပြန်ဖို့အတွက် သုခပြောလိုက်သည်။
"ဟင်....အင်း သားသားကို သွားကြိုရဉီးမှာပဲ ကိုကိုရော အလုပ်တွေ ပြီးရဲ့လား မပြီးသေးရင်ရတယ်လေ သား ကိုနေလင်းကို ပို့ခိုင်းလိုက်မယ်"
"ပြွစ်....မပြီးစရာလား ကလေးငယ်ရဲ့ ကိုကိုကသာ ကလေးငယ် ဂိမ်းဆော့အပြီးကို ထိုင်စောင့်နေတာ"
"အဲ့တာနဲ့ နမ်းတာ ဘာဆိုင်လဲ"
"ကိုယ်ယောက်ျားကို ကိုယ်နမ်းတာ နမ်းလို့မရဘူးလား ပြောပါဉီး"
"နမ်းတာက ရပါတယ် ကိုကိုက ဘာမပြောညာမပြောနဲ့ နမ်းနေတာကို"
"ဟားးးဟားးး နောက်ဆို ပြောပြီးမှ နမ်းမယ်"
"ပြီးတာပဲ"
"ဟာကွာ ကလေးတစ်ယောက် အဖေဖြစ်နေတာတောင် ဘာလို့ အဲ့လောက် ချစ်ဖို့ကောင်းနေရတာလဲကွာ"
"လာပြန်ပြီ ချစ်ဖို့ကောင်းတဲ့ ကိစ၊ ကိုိကိုနော် သားက အသက်ကြီးလာတာ အသက်ငယ်လာတာမဟုတ်ဘူး၊ အိုလာဖို့ပဲ ရှိတော့တာ သားချစ်ဖို့ကောင်းတာကို အခုကတည်းက အဝကြည့်တာ"
"တနေ့လုံးထိုင်ကြည့်နေချင်တယ်ဆိုရင်ရော ခွင့်ပြုမှာလား"
"ဟွန့် ကိုိကိုကရော ဘာထူးလို့လဲ၊ အိုသာအိုလာတာ လူငယ်လိုလို ဘာလိုလို ဟန်ဆောင်နေသေးတာပဲ မဟုတ်ဘူးလား ပြော"
"ပြောပါဉီး ဘယ်တုန်းက ဟန်ဆောင်လို့လဲ"
"ဒီမှာလေ ဝတ်လိုက်ရင် ကြယ်သီးကို ဟိုးအောင်ထိရောက်မတပ် ဖွင့်ထား၊ ပြီးရင် လမ်းလျှောက်တာကအစ လူငယ်လိုလို ဘာလိုလိုနဲ့ Styleက ထုတ်လိုက်သေးတယ်၊ ကိုကို့မှာ ယောက်ျားနဲ့ ကလေးရှိတယ်ဆိုတာလည်း သတိရဉီး"
"အဲ့တာကတော့ သတိမရစရာအကြောင်းကို မရှိတာ ဉီးနှောက်ထဲမှာ တွယ်ကပ်နေပြီးသာ"
"ဉီးနှောက်ထဲမှာပဲ ရှိတာပေါ့ သားတို့ကို"
"ဟုတ်တယ်လေ ဘာလို့လဲ"
"အဆင်မပြေလိုက်တာ ကိုကိုရာ ပြောတုန်းကတော့ နှလုံးသားနဲ့ ချစ်ရတာပါဆို၊ နှလုံးသားလေးထဲမှာ အချစ်တွေ သိမ်းထားပါတယ်ဆို"
YOU ARE READING
To Love❤(Complete)
Romanceမမြင်မတွေ့ဖူးကြတဲ့ လူသားနှစ်ယောက် ဘိုးဘွားတို့ရဲ့ ကတိတွေကြောင့် လက်ထပ်ဖို့ရန် အကြောင်းဖန်လာသောအခါ