Part 30*

26.3K 1.7K 14
                                    

ကလေးငယ်က ထမင်းစားပြီးကတည်းက သီဟနဲ့ LEGOတေွ ထိုင်ဆက်နေသည်မှာ ထိုင်ရာကမထ၊အဲ့တာလေး ဆော့ဖို့ အချိန်မရမှာ စိုးလို့ဆိုကာ ဆေးကို မြန်မြန်သောက်လေသည်။ သီဟကလည်း ကလေးငယ်နဲ့ အပြိုင် ဆော့နေတာများ နှစ်ယောက်သား အတွဲကို ညီလို့

"ကလေးငယ်, ကိုကို အာကာနဲ့ စကားခန သွားပြောဉီးမယ်၊ ကလေးငယ် ပြောစရာရှိရင် ကိုကို့အလုပ်ခန်းထဲကိုသာ လိုက်ခဲ့နော်"

"ဟုတ်ကဲ့ ကိုကို"

ကလေးငယ်ကို သေချာမှာပြီးနောက် ကျွန်တော်နဲ့ အာကာလည်း နေရာကထကာ အလုပ်ခန်းထဲ ဝင်လိုက်သည်။ အကြောင်းက အကျိုးတူ လုပ်ကိုင်ဖို့ ဆွေးနွေးစရာ ရှိ၍ပင်၊ သီဟကလည်း ကလေးငယ်နဲ့ ေဆာ့တာ လက်စသတ်ပြီး ကျွန်တော်တို့နောက် လိုက်လာသည်။

"ငါကတော့ မင်းတို့နဲ့ အလုပ်လုပ်ရမယ်ဆိုလို့ ဝမ်းသာတယ်၊ တခါမှ မတွေးခဲ့ဖူးဘူးလေ ဒါမျိုးက"

"ငါတို့ကလည်း မင်းကို ကျေးဇူးတင်ပါတယ်၊မဟုတ်ရင် ငါတို့ နှစ်ယောက်ကလည်း လုပ်ချင်တာကို တွန့်ဆုတ်နေတာနဲ့ လုပ်ဖြစ်မှာ မဟုတ်ဘူး၊ မင်းနဲ့ စကားတွေ ဆက်စပ်ရင်းနဲ့သာ ဖြစ်သွားတာ ဆိုတော့"

"ဒါနဲ့ ဆိုင်နေရာကရော"

"အဲ့တာကတော့ စိတ်မပူနဲ့၊ ငါတို့နှစ်ယောက်က လုပ်မယ်လို့ စဉ်းစားထားကတည်းက ဆိုင်ကလည်း ဆောက်ထားပြီးပြီ ဖွင့်ဖို့ပဲ လိုတာ"

"ဆိုင်က စားသောက်ဆိုင်တော့ ငါ့ကလေးငယ်ကြောင့်နဲ့တော့ မင်းတို့ အရင်းပြုတ်တော့မှာပဲ.....ဟားးးးဟားးးး"

"သန့်မှူးလေးစားမယ်ဆို စားပါစေ၊ အမာခံပရိသတ်ဖြစ်သွားတာပေါ့"

"သူလည်း ငါတို့ရဲ့ ညီလို ဖြစ်နေပြီ၊ ငါတောင် သူ့ကို မြင်ရင် ပါးတွေ ဆွဲဆွဲပစ်ချင်တာ၊ မင်းလက်ကို ကြောက်လို့သာ တော်တော် ထိန်းထားရတယ် "

"လုပ်ရဲ လုပ်ကြည့်လိုက်လေ"

"တော်ပါပြီကွာ အကြည့်နဲ့တင်ကြောက်လာလို့"

"မင်းကို အိမ်က ပေးစားလို့သာပဲ တော်တော် ချစ်တယ်နော်"

"ချစ်ဆို....အဲ့ကလေးက နဂိုကတည်းက ချစ်မွှေးပါနေတာကို၊ သူအိမ်ကရော ငါ့အိမ်ကပါ သည်းသည်းလှုပ်ဖြစ်နေကြတာ၊ ငါ့အိမ်ကဆိုရင် ငါ့ကို သားအရင်းလို့တောင် မြင်သေးရဲ့လားမသိဘူး"

To Love❤(Complete)Where stories live. Discover now