Part 60*

21.5K 1.3K 24
                                    

နေ့လည်စာစား စကားတွေပြောပြီး သုခရင်ခွင်ထဲ အိပ်ပျော်သွားတဲ့ သန့်မှူး၊ သုခလည်း အိမ်ကို ဖုန်းဆက် အကြောင်းကြားရမည်ဖြစ်တာကြောင့် သန့်မှူးနားက အသာလေးထကာ ထွက်လာရသည်။

အရင်ဆုံး သန့်မှူးအိမ်ကို ဖုန်းဆက်ရန် စဉ်းစားမိသည်မို့ သန့်မှူးအဖေအား ဖုန်းဆက်လိုက်သည်။

"Hello အဖေ ကျွန်တော် သုခပါ"

"သား ကိစရှိလို့လား"

"ဟုတ်ကဲ့အဖေ၊ သန့်မှူးမှာ ကိုယ်ဝန်ရှိနေပြီ အဖေ"

"ဟေ....သား တကယ်ကြီးလား"

"ကျွန်တော် မနက်ကပဲ ဆေးစစ်ပြီး ပြန်လာတာပါ အဖေ"

"ဝမ်းသာလိုက်တာကွာ ဂျစ်ဂျစ်ရော"

"အိပ်နေတယ် အဖေ"

"အဖေဖြင့် ရင်တွေတုန်လိုက်တာကွာ"

"ဘွားဘွားတို့ကိုတော့ ဖုန်းမဆက်ရသေးဘူး အဖေပဲ ပြောပေးပါလား ကျွန်တော် ကျွန်တော့်အိမ်ကိုလည်း ပြောရဉီးမှာဆို"

"အေးအေး သား၊ အိမ်က အမေတို့သာသိရင် တော်တော် ပျော်နေမှာ အဲ့မှာ သေချာ လည်ပတ်ခဲ့ကြနော် လိုအပ်တာရှိရင်လည်း အဖေ့ကို ေပြာ"

"ဟုတ်ကဲ့ အဖေ"

"ဒါဆို အဖေ ဖုန်းချလိုက်ပြီနော်၊ ဂျစ်ဂျစ် ဘွားဘွားကိုလည်း ဖုန်းဆက်ရဉီးမယ်"

"ဟုတ်ကဲ့ အဖေ"

သန့်မှူးအဖေနဲ့စကားပြောတော့ တော်တော် ပျော်နေတယ်ဆိုတာ အသံကြားရုံနဲ့ ခန့်မှန်းမိသည်။မိသားစုလေးတစ်ခု ဖန်တီးရတော့မယ်လို့ တွေးမိတိုင်း စိတ်ထဲက ကြည်နူးမှုက အပြည့်။

နောက်ထပ် ဖုန်းနံပါတ်တစ်ခုကို နှိပ်လိုက်ရင်း စောင့်နေမိသည်။

"Hello သား....."

"ဟုတ် အမေ၊ နေကောင်းကြတယ်မလား"

"ကောင်းပါတယ်ကွယ် လျှောက်လည်တာ ပျော်ကြရဲ့လား"

"ပျော်ပါတယ် မေမေ"

"ဒါနဲ့ ဂျစ်ဂျစ်လေးရော"

"နေ့လည်စာစားပြီး အိပ်နေတယ်"

"အေးပါကွယ် ကောင်းကောင်းမွန်မွန်လည်ပတ်ခဲ့ကြ အချိန်ရတုန်းလေး"

To Love❤(Complete)Where stories live. Discover now