Part 38*

21.5K 1.5K 34
                                    

Ring~~~~~~

သုခလည်း တိတ်ဆိတ်နေတဲ့အချိန် ဖောက်ခွင်လာသော ဖုန်းသံကြောင့် နိုးလာရသည်။ ကလေးငယ် လှုပ်လှုပ်ရှားရှားဖြစ်လာသည်မို့ သူ့နားလေးကို လက်လေးနဲ့ ပိတ်ထားပေးလိုက်ပြီး ဖုန်းကို အမြန်ယူလိုက်သည်။

Contant Nameကို ကြည့်တော့ LUNတဲ့၊ ကျွန်တော့်ရဲ့ ကိုယ်ပိုင်ဖုန်းနံပါတ်ကို မပေးထားပဲနဲ့ ဘယ်လို သိသွားပါလိမ့်၊ ပြီးတော့ အခုရက်ပိုင်း ဖုန်းအရမ်းဆက်တာ သိပေမယ့် ကျွန်တော့်ဘက်က မကိုင်ဖြစ်၊ နေလင်းကသာ ဖြေရှင်းလိုက်တာများသည်။ အခုတော့ ကျွန်တော့်ရဲ့ ကိုယ်ပိုင် ဖုန်းနံပါတ်ကိုပါ ဆက်လာခြင်း ဖြစ်သည်။

"Hello အကုိ"

"လိုရင်းကိုပြော"

"အကုိ အိပ်တုန်းလား"

"မင်း အချိန်ကို မကြည့်တတ်ဘူးလား"

"Sorry အကုိ ကျွန်တော်က နိုးလောက်ပြီထင်လို့ပါ"

"ပြောစရာရှိတာသာပြော"

"အကုိ စိတ်ဆိုးသွားတာလား၊ ကျွန်တော် နောက် သတိထားပါ့မယ်"

"ဘာပြောမလို့လဲ"

"ဒီနေ့ ကျွန်တော့်Companyလာရမယ့်နေ့ဆိုတာလေးပြောမလို့ပါ"

" ဒါပဲမလား"

"ဟုတ်ကဲ့"

ကျွန်တော်လည်း ဖုန်းကိုချလိုက်သည်။ စကားပင် ဆက်မပြောချင်တော့၊ ဆက်ပြောလျှက် ကျွန်တော် ဒေါသထွက်ရလိမ့်မည်။သက်ပြင်းတွေချနေတုန်း

"ကိုကို ဘာအဆင်မပြေလို့လဲဟင်"

"နိုးသွားတာလား ပြန်အိပ် ကလေးငယ်၊ ဘာမှမဖြစ်ဘူး"

"မအိပ်ချင်တော့ဘူး ကိုကိုက အစောကြီးနိုးနေပြီးတော့"

"အချိန်ရှိသေးတယ်လေ ကလေးငယ်ရဲ့၊ အိပ်ပါကိုကို ပြန်ချော့သိပ်မယ်"

"ဟင့်အင်း နိုးသွားပြီ၊ အဲ့တာကြောင့် ဗိုက်ပါဆာနေပြီ"

"ဟားးးးဟားးး ကိုကို့ရဲ့ အစားပုတ်လေး"

"သားကို မျက်နှာသစ်ပေး"

"ကောင်းပါပြီဗျာ၊ လာ...ကိုကို့ကျောပေါ်တက်"

To Love❤(Complete)Where stories live. Discover now