Part 9*

37.8K 2.7K 54
                                    

နှစ်ယောက်သားရဲ့ ဆက်ဆံရေးဟာ အရင်ကထက် ပို တိုးတက်လာသည်ဟု ပြောရမည်။ သို့သော် ဂျစ်ဂျစ်နဲ့ ပတ်သတ်လာရင် အရစ်ခံရသည်ကလည်း သုခ၊ သည်းခံရသည်ကလည်း ွသုခ၊ စိတ်ရှည်ရသည်ကလည်း သုခ၊ အရာအားလုံး သုခဘက်က အရှုံးချည်းသာ။

ဒီနေ့လည်း Coffeeဆိုင်ကို ပို့ပေးခဲ့ပြီး သုခလည်း Companyမှာ အလုပ်လုပ်ဖို့ ပြန်လာရသည်။

ဒေါက် ~ ဒေါက်

"CEO ကျွန်တော် နေလင်း ပါ"

"ဝင်ခဲ့လေ"

"ဟုတ်ကဲ့"

သုခရဲ့ အတွင်းရေးမှူး နေလင်းဝင်လာတော့

"ကိစ ရှိလို့လား"

"Companyတစ်ခုက သူတို့ရဲ့ Travelကိစနဲ့ ပတ်သတ်ပြီး ကျွန်တော်တို့နဲ့ ချိတ်ချင်တယ် ဆိုလို့ပါ"

"ပြန်ဆက်သွယ်မယ် ပြောလိုက်​ေလ​ ငါ့ကို informationပဲ ပေးခဲ့"

"သူတို့က အရှေ့မှာ ရောက်နှင့်နေပြီ CEOနဲ့ တွေ့ချင်တယ် ပြောလို့ပါ"

"Okလေ ရောက်နေပြီ ဆိုတော့လည်း ဝင်ခိုင်းလိုက်ပါ "

နေလင်းက အပြင်မှ ဧည့်သည်တွေကို သွားခေါ်နေတုန်း ထိုင်နေသောခုံမှ ထလိုက်ပြီး Suitကို ကြယ်သီးတပ်ကာ Sofaမှာ ပြောင်းထိုင်လိုက်သည် ။ခနနေတော့ အမျိုးသား တစ်ဉီးနှင့် အမျိုးသမီးငယ် တစ်ဉီး ဝင်လာသည်။

"ထိုင်ပါဗျ"

"ဟုတ်ကဲ့"

"နေလင်း ကော်ဖီပြင်ခိုင်းလိုက်ပါဉီး"

"..........."

"ဒီဘက်က တစ်ချက်လောက် ဘယ်သူတွေလဲ မိတ်ဆက်ပေးပါဉီး"

"ကျွန်တော်က ဉီးမိုးသီပါ ဒါ ကျွန်တော့်သမီး မိုးပွင့်ဖြူပါ "

"ဟုတ်ကဲ့ ကျွန်တော်က Harry Companyရဲ့ CEO သုခစေမင်းပါ"

"ကျွန်တော်တို့က အခု Companyရဲ့ ဝန်ထမ်းတွေကို ခရီးတစ်ခု ပို့ချင်တာပါ။ အပြီးအစီး ဆောင်ရွက်ပေးတယ်ဆိုလို့ လာရောက် စုံစမ်းတာပါ"

"ဟုတ်ကဲ့ ကျွန်တော်တို့ဘက်ကတော့ ခရီးမှာ လိုက်ပါမည့် လူအရေအတွက်ရယ် ငွေပမာဏ ဘယ်လောက်သုံးချင်တာလဲဆိုတာရယ် စားဖို့သောက်ဖို့အတွက်ရယ် စသဖြင့်ပေါ့...""

To Love❤(Complete)Where stories live. Discover now