Part 49*

21.1K 1.5K 40
                                    

"သား ဖေဖေ့ကို ကြည့်"

ဉီးစိုင်းလည်း သားဖြစ်သူရဲ့ အဖြစ်ကို ကြည့်ကာ ရင်ထဲ နာကျင်နေတော့သည်။ အသားစများပါလန်ကာ သွေးတွေထွက်နေပြီမို့ လက်နှစ်ဖက်ကို ဆုပ်ကိုင်ကာ ယူလိုက်သည်။

သို့သော်လည်း ခေါင်းလေးငု့ံထားသော သန့်မှူးလေးရဲ့ကိုယ်လုံးက တုန်ယင်မှု ပျောက်မသွားပေ။

"သား ကိုိကို့ကို နိုးလာစေချင်တာဆို၊ အခု နိုးလာပြီလေ သားရဲ့၊ သွားတွေ့လိုက်ပါ သားကိုကို စိတ်မကောင်း ဖြစ်နေလိမ့်မယ်"

"ဟင့်အင်း ကိုကို....ကို်ကို သတိရတယ်ဆိုရင် ရပြီ သားကြောင့် နောက်ထပ် ကိုိကို နာကျင်ရလိမ့်မယ် သားဘာသာ သားနေပါ့မယ်"

"ဂျစ်ဂျစ် လိမ်မာရဲ့သားနဲ့ကွာ၊ ဘာတွေ ဖြစ်နေတာလဲ"

"သား....သား ဘာမှ မဖြစ်ဘူး၊ ကိုကို့ကို စိတ်ပူလို့"

"ဘာတွေစိတ်ပူနေတာလဲ"

"ကိုကိုက သားကို....သားကို စိတ်ဆိုးနေတာ၊ သား ကိုကို မ​ကြိုက်တာ လုပ်မိထားတယ်၊ ပြီးတော့.....ပြီးတော့ ကိုိကို သားနဲ့တွေ့ရင်၊ ကိုကို နာကျင်ရလိမ့်မယ်"

"သန့်မှူး မင်း ဘာဖြစ်နေတာလဲကွာ!!! ဟမ်....ပြောလေ"

သူရမှာ သူငယ်ချင်းဖြစ်သူရဲ့ အခြေအနေကြောင့် စိတ်မကောင်းဖြစ်ကာ ပခုံးကို လှုပ်ရမ်းပြီးမေးလိုက်သည်။

"ငါ့ကို....ငါ့ကို ကိုကို စိတ်ဆိုးနေတာ၊ မင်း...မင်း ကူပြောပေးနော် ငါ စကား....စကား နားထောင်ပါ့မယ်လို့နော် ပြောပေး...ပြောပေးနော်"

"ဟာကွာ သန့်မှူး မင်း ဘယ်လို ဖြစ်နေတာလဲ၊မင်း သတိကပ်စမ်းကွာ၊ ဘယ်သူ ဘာဖြစ်နေလို့လဲ၊ အကိုက မင်းကို စိတ်ဆိုးတယ်လို့ ပြောလို့လားကွာ"

"ကိုကို့အကြောင်း ငါ..ငါ သိတယ်၊ ငါ့ကို စိတ်ဆိုး.....နေလို့ အကြာကြီး အိပ်နေတာ ငါသိတယ်"

"မင်းကွာ!!"

"ကလေးငယ်~~~"

"........."

ကုတင်ပေါ်မှာ မလှုပ်မယှက်နေနေရတဲ့ သုခဟာ အခြေအနေကို တွေ့မြင်ပြီးနောက် သန့်မှူးအား အလွန်စိုးရိမ်လာသည်။ ရင်ထဲမှာ နာကျင်နေမှုက မပြောပြတတ်လောက်အောင် ဖြစ်လာရသည်။

To Love❤(Complete)Where stories live. Discover now