2.6

2.1K 213 9
                                    

Unicode

ကျောင်းကနေ အိမ်ပြန်ရောက်တော့ ညစာစားနေရင်း Coal လေးကိုစုံစမ်းခိုင်းထားတာတွေ မေးလိုက်သည်။ ချန်းရှောင်ကျီက မူလကိုယ်ကို စိတ်ရင်းနဲ့ပေါင်းခဲ့တဲ့ တစ်ဦးတည်းသော သူငယ်ချင်းမို့ မိုင်လေးကလည်း ပြန်ဂရုစိုက်ပေးသင့်တယ်လေ........

အစကတော့ လုယန်က သူမကို ကြည့်နေတယ်လို့ မိုင်လေးထင်ခဲ့တာ.. ခုတော့မှ လုယန်ကြည့်နေခဲ့တာ ချန်းရှောင်ကျီဆိုတာ သိလိုက်ရတယ်..

ထို့နောက် Coal ကို အကြောင်းစုံသိရအောင် စုံစမ်းခိုင်းလိုက်တော့ မူလကျန်းအိုက်ရှင်းတောင် မသိခဲ့တဲ့အမှန်တရားတစ်ချို့ကို သိလိုက်ရသည်။

ချန်းရှောင်ကျီနဲ့ ချန်းကျိဝေက အဖေတူအမေကွဲ ညီအစ်မတွေ ဖြစ်ကြပြီး ချန်းကျိဝေက ချန်းရှောင်ကျီထက် အသက်တစ်နှစ်ကြီးတယ်.. ချန်းရှောင်ကျီရဲ့အဖေနဲ့အမေက မိဘပေးစားလို့ လက်ထပ်ခဲ့ရတာဖြစ်ပြီး ချန်းကျိဝေရဲ့မိခင်နဲ့ကတော့ ငယ်ချစ်ဦးတွေပေါ့..

ချန်းရှောင်ကျီရဲ့အဖေက လက်ထပ်ပြီးတာတောင် ဖောက်ပြန်နေခဲ့တာပဲ.. အဲ့တာကြောင့် ချန်းရှောင်ကျီထက် ချန်းကျိဝေက တစ်နှစ်ကြီးနေပြီး အရင်မွေးခဲ့တာ ဖြစ်လောက်တယ်.. အဲ့စက်ဆုပ်စရာလူနှစ်ယောက်ရဲ့ အခေါ်အဝေါ်ကတော့ အချစ်စစ်ပေါ့ …….pff

ဒါနဲ့များဘာလို့ ချန်းရှောင်ကျီရဲ့မိခင်နဲ့ လက်ထပ်ခဲ့သေးလဲ..?

ဒါပေမဲ့ ချန်းရှောင်ကျီရဲ့မိခင်က ဂုဏ်သရေရှိမိသားစုကြီးတစ်ခုကနေ မွေးဖွားလာခဲ့တာကြောင့် ချန်းကျိဝေရဲ့မိခင်က ဒုတိယဇနီးနေရာတောင်မရခဲ့ပဲ တိတ်တိတ်ပုန်းဇနီးသာ ဖြစ်ခဲ့ရတယ်.. အဲ့တော့ ဇာတ်လိုက်မချန်းကျိဝေကလည်း တရားမဝင်ကလေးတစ်ယောက်ပဲ...

ဒါဆို လုယန်နဲ့ကရော ဘယ်လိုပက်သက်တယ်ထင်လဲ..?

ချန်းရှောင်ကျီရဲ့ ၁၀ နှစ်ပြည့်မွေးနေ့မှာ လုယန်နဲ့တွေ့ခဲ့တာဖြစ်ပြီး လုယန်က အဲ့အချိန်ကတည်းက ချန်းရှောင်ကျီကို လက်ထပ်ကတိအနေနဲ့ ဟန်းချိန်းလေးတစ်ခုပေးခဲ့တယ်.. အဲ့တာကို တွေ့ခဲ့တဲ့ ဇာတ်လိုက်မ ချန်းကျိဝေက မမျှော်လင့်ပဲ တွေ့လိုက်တယ်..

Forever More  ( ထာဝရထက်ပို၍ )Where stories live. Discover now