6.5

1.4K 191 4
                                    

Unicode

“လက်မြှောက်ထား.. မလှုပ်နဲ့..”

Wilson ...သူ့ရဲ့သခင်မ သဘောကျတတ်သည့် စတော်ဘယ်ရီသီးများခူးရန် တောအုပ်ဘက်ကို လာခဲ့ရင်း အေးစက်စက် အသံတစ်ခုကြောင့် တောင့်ခဲသွားတော့သည်… မိန်းမတစ်ယောက်က သူ့ကို သေနတ်ဖြင့် ချိန်ထားပြီး တောအုပ်အတွင်းမှ ခပ်ဖြည်းဖြည်း ထွက်လာခဲ့တော့တယ်..

အမဲရောင် ကိုယ်ကျပ်ဝတ်စုံကို အထက်အောက်ဝတ်ဆင်ထားပြီး အချိုးအစားကျစွာ ချောမောလှပပေမယ့် မျက်နှာထား မာကျောနေသည့် မိန်းကလေး.. ငယ်ရွယ်ပေမယ့် ထက်မြက်ဟန်ပေါ်သည်…

“မင်း. ဘယ်သူလဲ..
ဒီကို ဘာကိစ္စရောက်လာခဲ့တာလဲ..”

“လက်မြှောက်ထားလို့ ပြောနေတယ်.. စကားမများနဲ့..”

ရင်ဘတ်တည့်တည့်ကို သေနတ်ဖြင့် ချိန်ရင်း ကြမ်းတမ်းရက်စက်စွာ ပြောလာသည့် မိန်းကလေးကြောင့် Wilson လက်မြှောက်လိုက်ရတော့သည်…

Layla သူ့အဖေရဲ့လျှို့ဝှက်အမိန့်ကြောင့် လူလိုက်ရှာရင်း Vampire နယ်မြေကို စွန့်စားပြီး ဝင်လာခဲ့ရပေမယ့် ဒီလိုတုံးအအ လူသားတစ်ယောက်ကို တွေ့လိုက်ရတာကြောင့် စိတ်ရှုပ်ထွေးသွားသလို အထင်သေးမှုတွေ ပြည့်နှက်သွားတော့တယ်…

စုံစမ်းခဲ့ရသလောက် တော်ဝင် Vampire တစ်ကောင်နိုးထလာခဲ့ပြီး သူမ ရှာဖွေနေတဲ့လူကလည်း ထို Vampire မရဲ့ အနောက်ကို လိုက်သွားရတယ်လို့ ကြားခဲ့ရတယ်…

“ရှင်… Diana ဆိုတဲ့ Vampire ကို သိလား…”

“မင်းက ငါ့သခင်မကို ဘာလုပ်မလို့လဲ…”

“ရှင့် သခင်မ..?”

‘ဒီငကြောင်က သူတို့ ရှာဖွေနေတဲ့လူလား..’

ထိုအဖြစ်အပျက်ကို မိုင်လေး သစ်ပင်ကြီးတစ်ပင်ပေါ်မှာ ထိုင်နေရင်း ပင်စည်ကိုမှီကာ သက်တောင့်သက်သာ ကြည့်နေလိုက်သည်… သူမ အကဲခတ်မိသလောက် မူလဇာတ်ကြောင်းမှာကတည်းက ဇာတ်လိုက်က Layla နဲ့ မတော်တဆ တွေ့ဆုံခဲ့တာ မဟုတ်ပဲ Layla က တမင်ချဉ်းကပ်လာခဲ့တာ ဖြစ်နိုင်သည်…

“ထားပါတော့ .. ရှင်က လူသားပဲကို... လက်ချလိုက်တော့…”

Layla က Wilson ဆိုတာ သိလိုက်တာနဲ့ ချက်ချင်းလေသံပြောင်းသွားတော့တယ်… အလှပဆုံး အပြုံးတစ်ခုကို ပန်ဆင်လိုက်ပြီး လက်ကို ဆန့်တန်းလိုက်ကာ..

Forever More  ( ထာဝရထက်ပို၍ )Where stories live. Discover now