6.14

1.5K 180 0
                                    

Unicode

အဆောက်အအုံငယ်လေး တစ်ခုအတွင်း မိုင်လေး ချက်ပြုတ်နေခဲ့သည်…

Werewolf တို့၏ နေထိုင်ရာဒေသ .. ချောက်ကမ်းပါး အောက်ခြေတွင် လျှို့ဝှက်စွာ တည်ရှိနေသည့် လွင်ပြင်ကျယ်ကြီးအလယ် အစီအရီဆောက်ထားသည့် အဆောက်အဦးများက ပြင်ပလောကအောက် အဆင့်အတန်း မနိမ့်ကျပေ…

မိုင်လေး Thomas နှင့်အတူ သူ့ရဲ့အိမ်မှာ နေခဲ့သည်မှာ တစ်ပတ်ခန့်ပင် ရှိချေတော့မည်… Werewolf မျိုးနွယ်စုမှ လူများက ဝံပုလွေအသွင် ပြောင်းနိုင်သည်မှ လွဲ၍ ကျန်တာအားလုံး သာမာန်လူသားများကဲ့သို့သာ နေထိုင်စားသောက်ကြသည်…

“Mine.. ဘာတွေ ချက်နေတာလဲ..”

နောက်မှ ခါးသိုင်းဖက်လာသည့် Thomas… သူမပုခုံးပေါ် မေးတင်လိုက်ပြီး နားရွက်ဖျားကို လျှာဖြင့် တို့ထိကာ ကစားနေပြန်သည်… ဒီဝံပုလွေကြီးကား စားရတဲ့ကလေး ငတ်သည် ဆိုတဲ့ စကားပုံအတိုင်းပဲ.. အချိန်တိုင်းကို တက်ကြွနေတော့သည်…

မိုင်လေး Thomas ရဲ့နဖူးကို ယောက်မဖြင့် ခပ်ဖွဖွခေါက်လိုက်ပြီး

“ဒီမှာ ဟင်းချက်နေတာကို အပူလောင်တော့မှာပဲ… ဦးလေးကို ခေါ်ပြီး စားပွဲမှာ သွားထိုင်နှင့်တော့…”

“ကိုယ့်အဖေကို ဘယ်အချိန်ထိ ဦးလေးလို့ ခေါ်နေဦးမှာလဲ.. အရူးမလေး…”

ပြန်ပြောရင်း မိုင်လေးရဲ့လည်ပင်းကို တစ်ချက်ကိုက်လိုက်ပြီး လျှာဖြင့်လျက်ကာ သူ့ဖခင်ကို ခေါ်ရန် ထွက်သွားတော့သည်… မိုင်လေးလည်း ကြက်သီးထကာ တစ်ကိုယ်လုံး တုန်တက်သွားရခဲ့ရတယ်... သည်ဝံပုလွေကြီးက တအားဆိုးလွန်းတာပဲ....

ချက်ပြီးသမျှ ဟင်းပွဲတွေကို စားပွဲပေါ်မှာ အမြန်ပြင်ဆင်လိုက်တယ်... အသီးအရွက်တွေနဲ့ အသားဟင်းတွေက အရောင်စုံလင်ပြီး စားချင့်စဖွယ်...

“ကောင်မလေး… Vampire တွေက ဟင်းချက်တတ်မှန်း မသိဘူး…”

“အဟီး.. ဦးလေး.. မှားလို့ ပါးပါး ထိုင်လေ…”

မိုင်လေး Werewolf ခေါင်းဆောင်ကြီးဖြစ်သည့် Thomas ရဲ့ အဖေကို မျက်နှာချိုသွေးကာ ဟင်းများထည့်ပေးလိုက်သည်… Thomas ထိုမြင်ကွင်းကို ကြည့်ရင်း ကြည်နူးစွာ ပြုံးလိုက်ပြီး သူ့ထမင်းပန်းကန်အနားမှ အသားဟင်းတစ်ဇွန်းကို ခပ်စားလိုက်သည်…

Forever More  ( ထာဝရထက်ပို၍ )Where stories live. Discover now