8.5

1.3K 175 11
                                    

Unicode

မိုင်လေး ရေကန်နံဘေး ထိုလူသားဆီမှ အမြန်ဆုံး ထွက်ခွာလာခဲ့မိသည်။ ကိုယ့်ကိုယ်ကို တည်ငြိမ်အောင်ကြိုးစားရင်း ပတ်ဝန်းကျင်ကို မေ့လျော့နေခဲ့၏။ ဘဝမှာ မထင်မှတ်ထားတဲ့အရာတွေက အမြဲတမ်း စောင့်ကြိုနေတတ်တာပဲ..

‘ပိုင်မင်ရှကို သေစေခဲ့တဲ့ ဦးရီးတော် ထန်ချင်းမင်းသားက သူမရဲ့ချစ်သူတဲ့လား.. ပိုင်ရှုယင်ကို အသေအကျေ ကာကွယ်ပေးနေတဲ့သူက သူမရဲ့ချစ်သူတဲ့လား..’ ဘာကိုစိတ်အလိုမကျ ဖြစ်နေမိမှန်း သူမကိုယ်သူမလည်း မသိတော့ဘူး.. မူလကိုယ်ကို သတ်ခဲ့တဲ့လူမလို့လား.. ဒါမှမဟုတ် သဝန်တိုနေမိတာလား..???

System ကတော့ ငါ့ကို Surprise တိုက်ပြန်ပြီ..

“မိုင်လေးကိုပြောသားပဲ အပြစ်ပေးကမ္ဘာပါဆို..”

“နင်သိပြီးသားပေါ့..” မိုင်လေး မီးလုံးလေးကို မျက်စောင်းထိုးကာ လှည့်ကြည့်လိုက်သည်။ “ငါ့ချစ်သူကိုရှေ့မှာထားပြီး သူ့ရဲ့တူဖြစ်သူနဲ့လက်ထပ်၊ တစ်သက်လုံး ပျော်ပျော်ပါးပါး အတူတူနေသွားရမယ်ပေါ့..ဟုတ်လား..”

“အင်းလေ.. Mission တွေကို မိုင်လေးဖြည့်နိုင်မယ်ဆိုတာ System က သိပြီးသား.. အဲ့တော့ နည်းနည်းဉာဏ်ကစားထားရတာပေါ့.. ဘာပဲဖြစ်ဖြစ် Mission တွေကိုပဲ အာရုံစိုက်ထား..”

“ဆုတောင်းနေလိုက်..” မိုင်လေး နှာခေါင်းရှုံ့ပြီး တစ်ဖက်လှည့်လိုက်သည်။ ‘ဟမ့်.. သေဘေးအန္တရာယ်နဲ့ တစ်ခါတည်း သေပစ်လိုက်မယ်.. သေနေကျဆို‌တော့ မထူးဆန်းတော့ပါဘူးလေ..’

Coal လေးက စိတ်မကောင်းပါဘူးဆိုသည့် ဟန်ပန်ဖြင့်...

“မိုင်လေးအကြံကို လက်လျော့လိုက်တော့.. အပြစ်ပေးကမ္ဘာမှာ သေဘေးအန္တရာယ်မပါဘူး..”

“……………..” သောက်ကျိုးနည်းပြီ..

၇ ကမ္ဘာတောင် ပြီးသွားခဲ့ပြီ.. System က သူမကို အမြဲတမ်းသေစေချင်ခဲ့တာ မဟုတ်ဘူးလား.. အခုမှ ဘာထဖြစ်ရပြန်တာလဲ? System Creator က ဘယ်သူပဲဖြစ်ဖြစ်.. နည်းနည်းတောင် လေးစားချင်လာပြီ.. လူကိုအရမ်း ချောင်ပိတ်ရိုက်တဲ့နေရာမှာ အရမ်းတော်တာပဲ..

Forever More  ( ထာဝရထက်ပို၍ )Where stories live. Discover now