3.12

1.8K 209 0
                                    

Unicode

အစောပိုင်းက ငြိမ်သက်တိတ်ဆိတ်နေသော တောအုပ်လေးဟာ ယခုတော့ သူလူအများဖြင့် ဆူညံလို့နေသည်…..

အရောင်အသွေးစုံ တူညီဝတ်စုံများဖြင့် လူတစ်စုဟာ ကျောက်ဂူငယ်တစ်ခုရဲ့အရှေ့မှာ စုရုံးနေကြပြီး တက်ကြွလွန်းတဲ့ လူငယ်တစ်စုကတော့ မီးတုတ်များကိုင်ကာ အုတ်ဂူအတွင်းသို့ မျက်နှာမူကာ အော်ဟစ်နေလေသည်….

“မိစ္ဆာကောင်…..ထွက်ခဲ့စမ်း
အခုမှ ကြောက်ပြီးပုန်းမနေနဲ့….လောကကြီးအတွက် သန့်စင်မှုကို ပြန်ရှာပေးရမယ်
ဒီနေ့ မင်းကို သတ်ပစ်မယ်ကွ.

“မကောင်းတာတွေ လုပ်တုန်းက လုပ်ပြီး အခုမှ ပုန်းမနေနဲ့
လူယုတ်မာမကောင်းဆိုးဝါးတွေအတွက် သွားရာလမ်းက သေလမ်းပဲ….”

“လောကကြီးအတွက် အလင်းဆောင်မယ်….မိစ္ဆာကို နှိမ်နင်းပစ်မယ်”

“လောကကြီးအတွက် အလင်းဆောင်မယ်….မိစ္ဆာကို နှိမ်နင်းပစ်မယ်”

“လောကကြီးအတွက် အလင်းဆောင်မယ်….မိစ္ဆာကို နှိမ်နင်းပစ်မယ်”

“ရှယွီဆိုတဲ့ မိန်းမယုတ်ပါထွက်ခဲ့…. တရားမျှတမှုကို ရှောင်ပြေးဖို့မကြိုးစားနဲ့”

အော်ဟစ်နေသော သူများကလည်း အားမာန်အပြည့်………နောက်မှ ရပ်နေသော သူများကလည်း သူတို့ကိုယ်သူတို့ လောကရဲ့အလင်းရောင်များသဖွယ်…. အမှန်တရားရဲ့ဘက်တော်သားဆိုသည့် ခေါင်းစဉ်အောက်မှာ မော်ကြွားစွာ သရုပ်ပြနေကြလေသည်..

ဂူထဲက မိုင်လေးကတော့ သူတို့ အော်ဟစ်နေသံကို ကြားပြီး စိတ်ပျက်လို့နေတယ်…

ကြည့်ခဲ့ဘူးတဲ့ သိုင်းကားထဲက အိုဟောင်းနေတဲ့ စကားလုံးတွေကို ထပ်ခါထပ်ခါကြားနေရတာလည်း ငရဲပဲ….အဲ့လိုအော်တဲ့လူတိုင်းက တရားမျှတသလိုလိုနဲ့ ဘာမှမသိတဲ့ ငတုံးတွေချည်းပဲ….PFF

“ဖြူလေး….သူတို့ကို တားထားပေးလို့ရလား…”

ဟွမ်ရှင်းက ဖြူကောင်လေးကို အမိန့်ပေးလိုက်တာနဲ့ ဖြူလေးက အပြင်ထွက်သွားပြီး တိုက်ခိုက်လေတော့သည်……

“အား…….ဘာကြီးတွေလဲမသိဘူး….တိုက်ကြပါဦးဟ”

“ဟျောင်မပြေးနဲ့လေ…..ငါ့ကိုကယ်ဦး”

Forever More  ( ထာဝရထက်ပို၍ )Where stories live. Discover now