9.9

1.1K 147 28
                                    

Unicode

ကောင်းကင်ကျောက်စိမ်းဂိုဏ်း၏ ၁၀ နှစ်တစ်ကြိမ်ကျင်းပသော အတွင်းစည်းတပည့်ရွေးချယ်ပွဲနေ့..

အပြင်စည်းတပည့်များဖြစ်သည့် ဂိုဏ်းတပည့်များအားလုံး ရင်ခုန်စိတ်လှုပ်ရှားနေကြသလို ဂိုဏ်းအကြီးအကဲများနှင့် ဂိုဏ်းချုပ်သည်ပင် စိတ်လှုပ်ရှားနေခဲ့သည်။ ရွှေဝါရောင်တောင်ကြီးဘက်သို့ လှည့်ကြည့်ရင်း လူတိုင်းရဲ့စိတ်တွေက မငြိမ်မသက် ဖြစ်နေကြတော့၏…

ဂိုဏ်းအကြီးအကဲများက ဂိုဏ်းချုပ်ရဲ့ထင်ကို အဓိပ္ပါယ်ပါသည့်မျက်ဝန်းများဖြင့် လှည့်ကြည့်လာကြတာကြောင့် ရဲ့ထင်လည်း စိတ်လှုပ်ရှားနေမှုကို အတင်းထိန်းချုပ်လိုက်ပြီး ခေါင်းညိတ်ပြလိုက်သည်။ ပွဲချိန်နီးကပ်လာသည်အထိ မော့ချီရဲ့အရိပ်အယောင်ကို မမြင်ကြရသေးတာကြောင့် အကြီးအကဲများက သူတို့ရဲ့ဂိုဏ်းချုပ်ကို အကြည့်ဖြင့်မေးမြန်းနေခြင်းပင်..

ဂိုဏ်းတပည့်များကတော့ ထိုကိစ္စကို ပွက်ပွက်ညံအောင် ဆွေးနွေးနေကြလေရဲ့..

“ဟဲ့.. ပန်းဝါတောင်သခင်မော့လည်း ဒီတစ်ခေါက်ပွဲကို တက်ရောက်မယ်တဲ့.. နင်တို့ကြားပြီးပြီလား..?”

“နင်က အဲ့တစ်ခုပဲ သိတာလား..? တပည့်တစ်ယောက်တောင် ရွေးမယ်လို့ကြားတယ်.. အတော်ဆုံးဂိုဏ်းတပည့်ကိုဆိုလား..?”

“သေချာတာပေါ့.. အတော်ဆုံးတပည့်မှသာ ပန်းဝါတောင်သခင်ရဲ့ တပည့်တစ်ယောက်ဖြစ်ဖို့ အရည်အချင်းပြည့်မှီမှာပေါ့..”

“ဒါနဲ့..” ချစ်စဖွယ်ဂိုဏ်းသူလေးတစ်ယောက်က ဘေးဘီတစ်ချက်လှည့်ကြည့်လိုက်ပြီးမှ ခပ်တိုးတိုးလေသံဖြင့်.. “ပန်းဝါတောင်သခင်ကလေ.. အရမ်းချောတယ်တဲ့.. နတ်ဘုရားတစ်ပါးအလားပဲလို့ ပြောကြတယ်.. ငါသာ သူ့ရဲ့တပည့်ဖြစ်ရင် ဒီဘဝတော့ သေပျော်ပါပြီ..”

“ဆုတောင်းနေလိုက်လေ.. နင့်ရဲ့အရည်အချင်းနဲ့..”

“ဟမ့်.. ဆုတောင်းနေဦးမှာ.. စိတ်သာချလိုက်..” ကောင်မလေးက မျက်စောင်းလေးချီကာ အားကျမခံပြန်ပြောလိုက်သည်။

ထိုအထဲမှာမှ ငြိမ်သက်နေသူက ကျိုးရင်းရင်း.. သေသေချာချာကြည့်လျှင် သူမရဲ့မျက်ဝန်းတွေထဲ၌ မောက်မာမော်ကြွားမှုတွေကို သတိထားမိချေလိမ့်မည်..

Forever More  ( ထာဝရထက်ပို၍ )Where stories live. Discover now