4.11

1.7K 192 7
                                    

Unicode

မိုင်လေး mission ကိစ္စရှင်းပြီးသည်နှင့် ထိုညစ်ပေလွန်းသည့်ခြံမှ အမြန်ပြေးထွက်လာလိုက်သည်… ပုံမှန်ဆို ဒီလိုကိစ္စမျိုးတွေက ဇာတ်လမ်းတွေထဲမှာပဲ ရှိတာဖြစ်ပေမယ့် သူမကိုယ်တိုင် ပါဝင်လိုက်ရတော့မှ ဘယ်လောက်ရွံစရာကောင်းမှန်း သိသည်…

“မိုင်လေး…ဘယ်သွားမလို့လဲ အဲ့လောက်လောနေတာ..”

“ယောင်္ကျားသွားခိုးမလို့လေ…” လျှာကိုသပ်ကာ ပြောလိုက်သည့် မိုင်လေးရဲ့စကားတို့ကြောင့် Coal လေး ခပ်ဝေးဝေးသို့ ပျံသွားလိုက်သည်…

‘ငါ့ Guest က မိန်းမနှာဘူးကြီးဖြစ်သွားပြီလား…ဒီကမ္ဘာက ငါ့ရဲ့Guest ကို အကျင့်ပျက်စေခဲ့ပြီထင်တယ်..အဟင့်’

သူမကို သနားသလိုလို လန့်သလိုလို ကြည့်နေသည့် မီးလုံးစုတ်ကို မျက်စောင်းထိုးလိုက်ပြီး

“ဟဲ့ ငါက ငါ့ချစ်သူကိုပဲ ကြံတာနော်..
နင့်လို မိန်းမမှန်း ယောင်္ကျားမှန်း မသဲကွဲတဲ့ မီးလုံးပိစိလေးကို စိတ်ကူးထဲတောင် မထည့်ဘူး..သဘောပေါက်”

“ဘာ….ကျွန်တော်က ယောင်္ကျားဗျ..
ကျွန်တော့ဝိဉာဉ်စွမ်းအားကောင်းလာလို့ လူပြောင်းနိုင်မှ နှာခေါင်းသွေးလာမယိုနဲ့…ဟွန့်”

“ဟား..ဟား..ဟား…ချောချင်ယောင်လာဆောင်နေတယ်
ဆယ်ခါပြန်…ဆုတောင်းနေလိုက်ဦး”

“တော်စမ်းပါ…ဒါနဲ့ ဒီကနေ မိုင်လေး ချစ်သူဆီကို ဘယ်လိုရောက်အောင်သွားမှာလဲ…
မုယုံမိသားစုပိုင်လမ်းဆိုတော့ ကားတစ်စီးတောင် မလာတာကို..”

“ငါ့မှာအစီအစဉ်ရှိလို့ပေါ့ Coal လေးရဲ့..”

ပြောနေရင်းနှင့် လည်စွဲထဲမှာ ထည့်ထားသည့် အနက်ရောက်ကျောက်ခတ်ပြားလေး တစ်ခုကို ထုတ်ယူလိုက်သည်..

“ဒီမှာကြည့် ဒါဘာလေးလဲ”

“ဟမ်…ဒါ..ဒါ…အရင်ကမ္ဘာမှာတုန်းက မိုင်လေးရဲ့ချစ်သူပေးခဲ့တဲ့ ခါးဆွဲအဆောင်မလား..
ဘယ်လိုလုပ်….
အနောက်မှာ သတိထား…”

“ဘာကြီး…”

Coal လေးရဲ့ အလန့်တကြား အော်သံကြောင့် အနောက်လှည့်ကြည့်လိုက်ချိန်တော့ စူးရှသည့် အနံ့တစ်ခုက စီးကြိုနေပြီး ထပ်မံသတိလစ်သွားရပြန်သည်…

Forever More  ( ထာဝရထက်ပို၍ )Where stories live. Discover now