5.11

1.6K 190 6
                                    

Unicode

Hellen က ပုံမှန်ဆို ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိသည့် မိန်းမတစ်ယောက်…  သူမဖတ်ပြီးသား စာအုပ်ထဲကို ကူးပြောင်းလာတာဖြစ်သည့်အတွက် တခြားသူများထက် ပို၍ Confidence Level so so High… သည်.

သို့သော်ငြား သူမ မသိထားသည့် Freya ဆိုသည့် ဇာတ်ကောင်တစ်ခု ပေါ်လာချိန်မှာတော့ သူမကိုယ်သူမ ထိန်းချုပ်နိုင်စွမ်း တဖြည်းဖြည်း ကင်းမဲ့လာရတော့သည်…

ယခုလည်း Jameson က Devil-I ပေါက်စ၏လည်ပင်းပေါ်တွင် ချပ်ပြားရှိနေသည်ဟု ပြောလာခဲ့တာကြောင့် သူမလက်မခံနိုင်ဖြစ်သွားပြီး ကိုယ်တိုင်သွားကြည့်ရန် စိတ်လိုက်မာန်ပါ လှုပ်ရှားလိုက်တော့သည်…

သူမ မထိန်းချုပ်နိုင်စွာဖြင့် ပြေးလွှားထွက်သွားပြီးတော့မှ ကလေးငယ်ကို ပိုက်ထားသည့်မိန်းကလေးဆီမှ ထူးဆန်းသည့်အပြုံးယဲ့ယဲ့ကို တွေ့လိုက်မိပြီး တခုခု ထူးခြားနေသည်ကို သတိထားမိလိုက်လေတယ်…

ထို့နောက် လူတိုင်းမထင်မှတ်ထားသည့် ကိစ္စတစ်ခုက ဖြစ်ပေါ်လာခဲ့လေတော့သည်.…. လူတိုင်း၏အမြင်၌ Hellen က မျက်နှာပျက်ယွင်းစွာဖြင့် Freya တို့ မောင်နှမဆီ ပြေးလွှားသွားခဲ့ပြီးနောက် Freya က နောက်ပြန်လှန်ကာ လဲကျသွားခဲ့သည်..

သူမ မတ်တပ်ရပ်နေခဲ့သည့် သမံတလင်းကြမ်းပြင်မှာ‌တော့ အသစ်စက်စက် မြေအစိုင်အခဲတစ်ခု…..

“အား…..”

မိုင်လေးက ပက်လက်လှန် လဲကျသွားပြီး သူမရင်ခွင်ထဲက ကလေးလေးကို မထိခိုက်အောင် ကာကွယ်ပေးလိုက်ပေမယ့် ထိုကလေး၏မျက်ဝန်းအတွင်းမှ မဲမှောင်သွားသည့် အရိပ်ကိုတော့ သူမ သတိမထားမိလိုက်ချေ….

“မိုင်လေး …အဆင်ပြေရဲ့လား… ကျွန်တော် လုပ်လိုက်တာ နည်းနည်းအရှိန်ပြင်းသွားတာလား….”

“ဘာမှမဖြစ်ဘူး အေးဆေးပဲ…ဟမ့်…”

အမှန်တော့ ထိုအရာကား မိုင်လေး ပြန်လည်တုန့်ပြန်ရန် ပြင်ဆင်ထားသည့် အစီအစဉ်ပင်…

မိုင်လေး မြေပြင်မှ လူးလဲထလိုက်ပြီး ရင်ခွင်ထဲမှ ကလေးလေးကို ထွေးပွေ့လိုက်ကာ… “Zee… အဆင်ပြေရဲ့လား လန့်သွားလား…”

Forever More  ( ထာဝရထက်ပို၍ )Where stories live. Discover now