3.10

1.7K 199 0
                                    

Unicode

မိစ္ဆာလောက၏တောအုပ်သည် သာမန်တောအုပ်များနှင့် တူညီပေမယ့် အစိမ်းရောင်သစ်ရွက်များအစား အမဲရောင်သစ်ရွက်များက နေရာယူထားပြီး ရောက်လာသမျှ လူသူတိုင်းကို စိတ်ခြောက်ခြားစေပြီး အလိုလို အထီးကျန်လာစေသည်

သားရဲများလည်း ရှားပါးပြီး တွေ့သမျှသားရဲတိုင်းကလည်း အလွန်ဆိုးသွမ်းကာ လောက၏အန္တရာယ်အရှိဆုံး စာရင်းဝင်များပင် ဖြစ်၏

မိုင်လေး သရဲကြောက်ပေမယ့် မြင်နိုင်တယ့်သတ္တဝါတွေကို များသောအားဖြင့် မကြောက်တတ်….သို့သော်ငြား အချိန်အကုန်မခံနိုင်သည့်အတွက် သူမလမ်းကို ဟန့်တားနိုင်သည့် အရာမှန်သမျှကို ရှောင်ရှားရင်း တောအုပ်နက်ထဲသို့ လမ်းပြကျောက်၏ လမ်းညွှန်အတိုင်း တိုးဝင်လာခဲ့သည်မှာ တစ်ပတ်ခန့်ပင် ရှိနေပြီ…တောမကျွမ်းကျင်မှုကြောင့် တောထဲမျက်စိလည်နေခြင်းပင်…….

တောနက်သို့ရောက်လေ…..သားရဲ သတ္တဝါ နှင့် လူအရိုးတွေက နေရာအတော်များများမှာ ပြန့်ကျဲနေပြီး တိတ်ဆိတ်ကာ မှောင်မည်းနေတဲ့တောအုပ်ကြီးက မိုင်လေးကိုပင် ကျောချမ်းစေလာသည်…

မိုင်လေး လမ်းလျှောက်နေရာမှ သူမကို တစ်စုံတစ်ရာက စိုက်ကြည့်နေသလို ခံစားနေရတာကြောင့် ရပ်တန့်လိုက်ပြီး ပတ်ဝန်းကျင်ကို အကဲခတ်လိုက်သည်…..သစ်ရွက်တွေရဲ့မည်းနက်မှုနှင့်တောအုပ်ရဲ့အမှောင်ကို အခွင့်ကောင်းယူနေတဲ့ တစ်စုံတစ်ခုကတော့ သူမကို ဝါးမြိုရန် ကြံစည်နေချေပြီ

မိုင်လေး အကာအကွယ်အစီအရင်ကို အသက်သွင်းလိုက်ကာ ဓားကို ကန့်လန့်ဖြတ်အနေအထားဖြင့် အသင်ပြင်ထားလိုက်ပြီး အမှောင်ထဲမှ ရန်သူကို ပေါက်ကွဲစေသော အစီအရင်ဖြင့် လှမ်းပစ်လိုက်တော့ မြောက်များစွာသော လက်တံရှည်ကြီးများက သစ်ပင်ကြီးများနောက်ကွယ်မှ တိုးထွက်လာပြီး မိုင်လေးကို စတင် တိုက်ခိုက်တော့သည်………

လက်တံရှည်ကြီးများကို ဓားဖြင့်ခုတ်ဖြတ်နေရင်း ၎င်း၏မူလပုံသဏ္ဌာန်ကို ရှာဖွေဖို့ ကြိုးစားပေမယ့် အဆက်မပြတ်ထွက်ပေါ်လာတဲ့ လက်တံရှည်ကြီးတွေက ကွန်ရက်သဖွယ်……..တစ်ခုကိုခုတ်ဖြတ်လိုက်ရင် နောက်နှစ်ခုက တက်လာတာကြောင့် အချိန်ကြာလာသည်နှင့်အမျှ မိုင်လေး၏ ခန္ဓာကိုယ်ပေါ်တွင် ဒဏ်ရာဒဏ်ချက်အပြည့်ဖြင့် ဖြူလွလွဂါဝန်ရှည်က အနီရောင်သို့ပင်ကူးပြောင်းလာလေသည်

Forever More  ( ထာဝရထက်ပို၍ )Where stories live. Discover now