3.4

1.8K 222 14
                                    

Unicode

မိုင်လေး တောအုပ်အစပ်က ပေ ၂၀ ပတ်လည်ခန့်သာ ရှိတဲ့ အလင်းမဲ့ဂူလေးကို ငေးကြည့်ပြီး ဘာပြောရမှန်းမသိအောင် ဖြစ်သွားသည်

ဆရာရယ်……ရက်စက်လိုက်တာ

“ဆရာ………ဒီထဲမှာ ဘယ်လိုလုပ် အိမ်သာသွားလို့ရမှာလဲလို့

ပြန်မစဉ်းစားပေးတော့ဘူးလားဟင်”

Puppy eye လေးလို လုပ်ပြီး ပြောပေမယ့်လည်း အသဲမာသူကြီး သူမဆရာက မျက်မှောင်တစ်ချက်တောင် တွန့်မသွားပဲ ဂူထဲက ကျောက်တုံးအကြီးကြီးကို လက်ညှိုးထိုးပြလာခဲ့တယ်

“အဲ့နောက်မှာ အိမ်သာသွားလို့ရအောင် အစီအရင်လုပ်ပေးထားတယ်…..”

ခနကြာတော့မှ သူမကို တစ်ချက်ကြည့်ပြီး စိတ်မကောင်းဖြစ်ဟန်တူသည်

“အားယွီ….ဆရာက မင်းကောင်းဖို့အတွက် လုပ်ပေးတာမို့……ကြိုးစားပြီးလေ့ကျင့်ရမယ်နော်”

“ဟုတ်ကဲ့ပါဆရာ…..တပည့်ကြီုးစားပါ့မယ်”

မတတ်နိုင်တဲ့အဆုံး ပြောသမျှခေါင်းညိမ့်ပြီး တပည့်လိမ္မာလေးလိုသာ ပြုမူနေလိုက်တော့တယ်

“ဆရာ တပည့် လက်နက်အစီအရင်တွေလုပ်တာ လေ့လာချင်ပါတယ်”

ဒီဂူလေးထဲမှာ ၅နှစ်လုံးနေဖို့ဆို စိတ်နှစ်စရာလေးတွေ ရှိမှ ဖြစ်မှာပေါ့….ပြီးတော့ မိုင်လေး စဉ်းစားထားတာ တချို့လည်း ရှိနေတာကိုး……

“ကောင်းတာပေါ့……အားယွီက အခြေခံရှိပြီးသားဆိုတော့ ဆရာ အဆင့်မြင့်လက်နက်အစီအရင်ကျမ်းစာအုပ်ပေးခဲ့မယ်

သေချာလေ့လားထား……တစ်နှစ်တစ်ခါ တိုးတက်မှုကို ဆရာလာစစ်ဆေးမယ်”

အကြီးအကဲက သူ့ရဲ့သိုလှောင်လက်စွပ်ထဲက စာအုပ်ကိုထုတ်ပြီး မိုင်လေးကို ကမ်းပေးလာသည်…….မိုင်လေးလည်း တရိုတသေ လက်ခံရယူလိုက်ပြီး သူမပိုင်သိုလှောင်လက်စွပ်လေးထဲ ထည့်လိုက်တယ်

“ကျေးဇူးတင်ပါတယ်ဆရာ…..တပည့် ဆရာ့ကို စိတ်မပျက်စေရပါဘူး”

သူမကို ဂူအတွင်းထဲထိရောက်အောင် လိုက်ပို့ပေးပြီးတာနဲ့ သူမဆရာလည်း သူမကို ထားရစ်ပြီး ထွက်သွားတော့သည်

Forever More  ( ထာဝရထက်ပို၍ )Where stories live. Discover now