6.1

1.9K 200 15
                                    

Unicode

“မိုင်လေး …ဘာထိုင်လုပ်နေတာလဲ… နောက်ကမ္ဘာသွားမယ်လေ…”

ပြန်ရောက်ပြီးကတည်းက တခုခုကို အတွေးနက်နေဟန်တူသည့် မိုင်လေးရဲ့ပုခုံးကို ပုတ်ကာ ပြောလိုက်သည်… သူ့Guest က တနေ့တခြား ပိုရူးလာသလို့ပင်….

“အမလေး… ဘယ်သူက အောက်ကလဲ..”

“ဟမ်..???... ဘာတွေအော်နေတာလဲ မိုင်လေး..
မေးနေတာလဲ မဖြေဘူး..”

ထိုအခါမှ Ryan ၏ ဝိညဉ်အပိုင်းအစ သွားပို့ရင်းပြန်လာသည့် မိုင်လေး.. သူတွေ့ခဲ့သည့် မြင်ကွင်းကို ခေါင်းထဲမှ ခါထုတ်ပစ်လိုက်တော့သည်… သို့သော်ငြား ခုတင်ပေါ်မှာ တစ်ဦးနှင့်တစ်ဦး တင်းကျပ်စွာ ဖက်ပြီး အိပ်ပျော်နေသည့် လူနှစ်ယောက်ကို ပြန်မြင်ယောင်မိတော့ နှာခေါင်းသွေးများ လျှံထွက်တော့မလို ခံစားမိပြန်သည်…

“ငါစိုက်ထားတဲ့ မုန်လာဥလေးကို ဝက်တူးသွားပြီ… အဲ… မဟုတ်သေးဘူး… ငါမွေးထားတဲ့ကြောင်က တခြားအိမ်က ငါးကြော်ကို ခိုးစားတာလည်း ဖြစ်နိုင်တယ်… အာ… မသိတော့ဘူး.. “

“……???”

ဘာတွေလဲ မုန်လာဥတွေ ငါးကြော်တွေက… ထားလိုက်တော့…

“နောက်ကမ္ဘာကူးတော့မယ်… အသင့်ပြင်တော့…”

“Okay….”

မရိုးအီနိုင်သော နာကျင်မှုနှင့်အတူ အမှောင်ထုအတွင်းသို့ ကျရောက်သွားတော့သည်…..

………………

မိုင်လေး၏ဝိဉာဉ်က ခန္ဓာကိုယ်တစ်ခုအတွင်းသို့ ဆွဲငင်ခံရပြီးနောက် ဝိဉာဉ်ကူးသည့် နာကျင်မှုနှင့်အတူ ဘယ်ဘက်ရင်အုံထက်မှ ပြောမနိုင်သည့် နာကျင်မှုတစ်ခုကိုပါ ထပ်တိုး ခံစားလိုက်ရသည်…အမည်မသိနေရာတစ်ခုမှာ လဲလျောင်းနေပြီး သူမ လက်ကို လှုပ်ရှားချင်ပေမယ့် လှုပ်ရှား၍မရ… ခန္ဓာတစ်ခုလုံးက ရေဓာတ်ကင်းမဲ့နေသလို ခြောက်ကပ်နေသည့် ခံစားမှုမျိုးကို ထူးထူးဆန်းဆန်း ခံစားလိုက်ရတယ်…

‘ဒီခန္ဓာကိုယ်ကလည်း အရင်ကမ္ဘာလို Coma ရောဂါဖြစ်နေတာများလားဟ…’

“Coal…  ငါဘယ်ရောက်နေပြန်တာလဲ…”

“ခနလေးစောင့်… ပို့လိုက်တာ စောသွားလို့… အဟီး..”

Forever More  ( ထာဝရထက်ပို၍ )Where stories live. Discover now