9.15

1.1K 127 13
                                    

Unicode

“ဒေါင်.. ဒေါင်..”

မြစိမ်းရောင်ခြယ်ခေါင်းလောင်းကြီး၏မြည်ဟည်းသံက လောကသုံးပါးတခွင် ပျံ့လွင့်သွားခဲ့သည်။

ကောင်းကင်ကျောက်စိမ်းဂိုဏ်း၏ဂိုဏ်းချုပ်မှစ၍ ဂိုဏ်းသားအငယ်လေးတွေအထိ လုပ်လက်စအလုပ်များရပ်တန့်သွားကြရသည်။ လူတိုင်း၏အကြည့်က ဘိုးဘေးအစဉ်အဆက်အလေးအမြတ်ထားရာ မြစိမ်းရောင်တောင်ထွတ်ဆီသို့...

ဂိုဏ်းချုပ်ရဲ့ထင်နှင့် ‘ကျိုးရင်းရင်း’ဟူသော ဂိုဏ်းတပည့်မအကြောင်း ဆွေးနွေးတိုင်ပင်နေကြသည့်အကြီးအကဲများအားလုံး တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်မိသည်။ အခုနားကြားလွဲသွားတာလား..? မြစိမ်းရောင်ခြယ်ခေါင်းလောင်းကြီးရဲ့အသံကို ကြားလိုက်ရတာလား..?

မြစိမ်းရောင်တောင်နဲ့ မြစိမ်းရောင်ခြယ်ခေါင်း‌လောင်းဆိုတာ ရှေးနတ်ဘုရားတွေကျန်ရစ်ခဲ့တဲ့ အမွေအနှစ်ပစ္စည်းဖြစ်ပြီး ကောင်းကင်ကျောက်စိမ်းဂိုဏ်းရဲ့ သေရေးရှင်ရေးကိစ္စအတွက်ဖြစ်စေ၊ လောကသုံးပါးအတွက် အကျိုးဖြစ်ထွန်းစေတဲ့ရတနာမျိုး ပေါ်ထွက်လာတဲ့အခါမှာဖြစ်စေ၊ လူအများကိုအသိပေးတဲ့အနေနဲ့ နတ်ဝိဇ္ဇာအဆင့်ကျင့်ကြံသူများသာတီးခတ်နိုင်သည်။ ပြီးတော့ မြစိမ်းရောင်ခြယ်ခေါင်းလောင်းရဲ့အသံကို မကြားခဲ့ရသည်မှာ နှစ်ပေါင်းရာချီကြာမြင့်ခဲ့ချေပြီ။

အခု ဘယ်သူကခေါင်းလောင်းတီးလိုက်တာလဲ..? ဘယ်လိုအရေးကိစ္စမျိုးပါလိမ့်..?

လူတိုင်းရဲ့ထပ်တူညီသောအတွေးများက ထုတ်ပြောစရာမလိုအောင်ပင်။ ကောင်းကင်ကျောက်စိမ်းဂိုဏ်းသားတိုင်း မြစိမ်းရောင်တောင်ထွတ်သို့ အမြန်ပြေးသွားကြတော့သည်။

မိုင်လေးခမျာလည်း ဟွမ်ရှင်းရဲ့ပွေ့ဖက်မှုကြားမှာ ကြောင်အ,နေခဲ့ရသည်။ ဟွမ်ရှင်းက သူမရဲ့အတင်းပွေ့ချီပြီး ဒီနေရာကိုရောက်ချလာတယ်လေ။ ပြီးတော့ အစိမ်းရောင်ခေါင်းလောင်းကြီးကို လက်နဲ့ရိုက်လိုက်တော့တာပဲ။ ဘာလုပ်ချင်နေတာပါလိမ့်..?

ဟွမ်ရှင်းလက်နဲ့ရိုက်လိုက်တာနဲ့ ခေါင်းလောင်းကြီးဆီမှ သာယာနာပျော်ဖွယ်အသံတစ်မျိုးထွက်ပေါ်လာခဲ့သည်။ ထိုအသံက အရမ်းမကျယ်သလို တိုးညှင်းသည်လည်းမဟုတ်။ ဒါပေမဲ့ လူတိုင်းရဲ့စိတ်ဝိဉာဉ်အထိ ရိုက်ခတ်သွားသလိုပင်။  

Forever More  ( ထာဝရထက်ပို၍ )Where stories live. Discover now