10.7

1K 113 10
                                    

Unicode

“ဂွီ.. ဂွီ..”

ခုတင်ပေါ်မှာထိုင်နေသည့် မိုင်လေးခမျာ မွှေးပျံ့သည့်ကြက်သားဆန်ပြုတ်နှင့် သောက်ချင့်စဖွယ် ဖရဲသီးဖျော်ရည်ကိုကြည့်ရင်း လက်သီးဆုပ်လိုက်မိသည်။ အလျော့မပေးလိုတာကြောင့် တင်းခံနေခဲ့သော်ငြား တစ်ညလုံးထမင်းမစားရသေးသည့် သူမရဲ့ဝမ်းဗိုက်က ဆန္ဒပြလာခဲ့ချေပြီ။

နောက်ဆုံးတော့ ဗိုက်ဆာသည်ကို မခံနိုင်တော့သည့်အဆုံး ယူစားလိုက်တော့သည်။ အရင်ဆုံး အသက်ရှင်အောင်နေရမယ်။ ယောက်ျားကောင်း အဲ မိန်းမကောင်းတစ်ယောက်အတွက် ၁၀ နှစ်ကြာလည်း လက်စားချေဖို့နောက်မကျဘူး..!

ဘယ်.. ဘယ်လိုလုပ်..?!

ဆန်ပြုတ်ကို တစ်ဇွန်းခပ်သောက်လိုက်ပြီးနောက် မိုင်လေးရဲ့အမူအယာက တောင့်ခဲသွားတော့သည်။ ပူနွေးနေတဲ့ဆန်ပြုတ်က လည်ပင်းနာနေတာကို အနှောင့်အယှက်မဖြစ်စေသလို အနီးကပ်ယူသောက်လိုက်မှ ခံစားမိလိုက်သည့် ဆန်လှော်ရနံ့က တစ်စုံတစ်ယောက်ကို သတိရသွားစေသည်။

မူလကမ္ဘာမှာ Ryan နဲ့တွေ့ဆုံခဲ့စဉ်က သူမဒဏ်ရာရထားတဲ့အချိန် Ryan ပြုတ်တိုက်ဖူးခဲ့တဲ့ ဆန်ပြုတ်ပူပူလေး.. ဒီလိုရနံ့၊ ဒီလိုအရသာမျိုးပဲ။ မဟုတ်သေးဘူး.. ဘာတွေတွေးနေတာလဲ..? ဆန်ပြုတ်ပဲ လူတိုင်းပြုတ်တတ်မှာပေါ့..!

မိုင်လေးက ခေါင်းကိုခါရမ်းလိုက်ပြီး ဆန်ပြုတ်တစ်ဇွန်းစားလိုက်၊ ဖရဲသီးဖျော်ရည်တစ်ငုံသောက်လိုက်ဖြင့် ကျေနပ်နေတော့၏။

“မိုင်လေးရေ.. ပြဿနာတက်ပြီ..”

“ဘာဖြစ်လာတာလဲ..?”

မိုင်လေးက ဆန်ပြုတ်သောက်နေရင်း သူမကိုချည်နှောင်ထားသည့် သံကြိုးတွေကို မသိမသာ အကဲခတ်နေခဲ့သည်။ ထိုအချိန် Coal လေးက အလန့်တကြား အော်ဟစ်လာခဲ့၏။ မိုင်လေးလည်း သက်ပြင်းချလိုက်ပြီး ပြာယာခတ်နေသည့် မီးလုံးလေးကို လှမ်းမေးလိုက်သည်။

Coal လေးက မိုင်လေးနားကို ကပြာကယာ တိုးကပ်လာခဲ့ပြီး မျက်လုံးကလည်း တောင်ကြည့်မြောက်ကြည့် ကြည့်နေလေရဲ့။ သူ့ရဲ့ပုံစံက တစ်စုံတစ်ရာကို ခိုးကြောင်ခိုးဝှက် လုပ်နေသည့်ဟန်။ ထို့နောက်...

Forever More  ( ထာဝရထက်ပို၍ )Where stories live. Discover now