7.9

1.3K 170 2
                                    

Unicode

ချူးလီ အတတ်နိုင်ဆုံး ရှောင်တိမ်းခဲ့ပေမယ့် ဆူးတံက ဘယ်ဘက်လက်မောင်းတစ်လျှောက်ကို နက်ရှိုင်းစွာ ခြစ်မိသွားခဲ့သည်.. ခန္ဓာကိုယ်ကို တပတ်လှည့်ရှောင်ရင်း ဒဏ်ရာကို ညာဘက်လက်ဖြင့် ဒဏ်ရာကို ဆုပ်ကိုင်ထားလိုက်သည်.. နီညိုရောင်သွေးစီးတန်းက လက်​ချောင်းများကြားမှ စီးကျလာခဲ့၏..

“မင်း..” ဘာကြောင့်လဲ.. သူက ဒီကောင်မလေးကို အစီအရင်ဗဟိုချက်ကနေ ကယ်ထုတ်ချင်ခဲ့ရုံပါ.. ပြီးတော့ သူမလက်ထဲက လက်နက်.. ထိုလက်နက်မှာ ဖြာထွက်နေသည့် အမှောင်စွမ်းအားက ဒီအစီအရင်အောက်က မကောင်းဆိုးဝါးအောက် နည်းနည်းမှ မလျော့နည်းဘူး.. သူမက ဘယ်လိုလူမျိုးပါလိမ့်…

မိုင်လေးလည်း ငေးကြောင်ကြည့်နေမိခဲ့သည်.. သူမအရှေ့က မိစ္ဆာဆီကနေ အန္တရာယ်အငွေ့အသက် နည်းနည်းလေးတောင် မခံစားရတဲ့အပြင် သူ့ရဲ့အနီရောင်မျက်ဝန်းအစုံကလည်း အရောင်နှင့်မလိုက်ဖက်စွာ နူးညံ့နေပြီး အံ့ဩတွေဝေရိပ်များ စွန်းထင်းနေသည်..

‘နာကျင်သလို ခံစားနေရတာ ဘာကြောင့်လဲ..?’

ရုတ်တရက် အခန်းက မြေငလျင်ကဲ့သို့ တသိမ့်သိမ့် တုန်လာခဲ့ပြန်သည်.. ကြမ်းပြင်ပေါ် ပြုတ်ကျနေသည့် လက်စွပ်က မည်သူမျှ မရိပ်မိလိုက်ခင် လေပေါ်ပျံတက်သွားပြီး မိုင်လေး၏ ခေါင်းပေါ်တည့်တည့်က မီးဆိုင်းကို ထိမှန်သွားခဲ့သည်..

“လင်းလုံ.. သတိထား..”

ချူးလီက အမြန်လှုပ်ရှားလိုက်သည်.. လက်မောင်းဆီမှ ပျံ့နှံ့လာသည့် နာကျင်မှုကို လျစ်လျူရှုလိုက်ပြီး လင်းလုံဆိုသည့် ကောင်မလေးကို ရပ်နေသည့် နေရာမှ အမြန်ဆွဲဖယ်လိုက်တော့သည်..

“ခလွမ်…” မီးဆိုင်းကြီးက မိုင်လေးရပ်နေခဲ့သည့် ကြမ်းပြင်ပေါ်သို့ အရှိန်ဖြင့် ပြုတ်ကျလာခဲ့ပြီး ဖန်ကွဲစများက နေရာအနှံ့ လွင့်စင်လာခဲ့သည်..

ချူးလီက မိုင်လေးကို ရင်ခွင်ထဲထည့်လိုက်ပြီး ကာကွယ်ပေးလိုက်သည်.. ဖန်ကွဲစများက သူ့ရဲ့ကျောပြင်ကို ထိသွားပြီး ကြမ်းပြင်ပေါ်သို ပြန့်ကျဲကာ ကျသွားတော့၏.. သာမာန်လူသားတွေရဲ့ အရာဝတ္ထုတွေက ချူးလီကို မထိခိုက်နိုင်သည်မှာ သူ့အတွက်တော့ မထူးဆန်းသည့် အမှန်တရားပင်..

Forever More  ( ထာဝရထက်ပို၍ )Where stories live. Discover now