5.3

1.6K 205 4
                                    

Unicode

"Coal... ခနတိတ်တိတ်နေဦး..."

Devil-I နယ်မြေအပေါ်ကနေ ဖြတ်ပျံသန်းနေရင်း... တိုးညှင်းသည့် အသံတစ်ခုကြားလိုက်ရတာကြောင့် ဘေးနားမှာနေပြီး စကားများနေတဲ့ မီးလုံးလေးကို တိတ်ခိုင်းလိုက်ရတယ်...

"ဘာဖြစ်လို့လဲ..." Coal လေး နှုတ်ခမ်းထော်ပြီး ပြန်မေးလိုက်သည်...

"ခုနက ကလေး ငိုသံကြားလိုက်သလားလို့.."

"အာ... မဖြစ်နိုင်တာ... ဒီက Devil-I ရဲ့နယ်မြေလေ... ဘယ်လိုလုပ် ကလေးတစ်ယောက် ရှိနိုင်မှာလဲ.. ကလေးမပြောနဲ့ ဒီနယ်မြေမှာ သက်ရှိဆိုလို့ ကြွက်တောင် မနေဘူ...."

'မဖြစ်နိုင်တာ... ငါကြားလိုက်တာ သေချာပါတယ်... နားကြားမှားတာလည်း မဖြစ်နိုင်ပါဘူး..'

မိုင်လေး အတွေးပွားရင်း မဟူရာကျောက်အဆောင်လေးကို ပျံသန်းတာ ခနရပ်လိုက်ပြီး အောက်ဘက် သစ်ပင်တွေနှင့် အုပ်ဆိုင်းနေသည့် နယ်မြေတစ်လျှောက် လိုက်ကြည့်လိုက်သည်... စက်ရုပ်လို လှုပ်ရှားနေသည့် AI-Men များမှ လွဲ၍ မည်သည့်အရာမျှ မတွေ့...

"တွေ့လား... ကျွန်တော်ပြောသားပဲ..."

"အင်း... ငါနားကြားမှားတာပဲ နေမှာပါ...သွားစို့..."

သူမတို့ ထိုနေရာမှ ထွက်သွားမည်အလုပ်... လျှိုမြောင်းတစ်ခုကြားမှ တောက်ပသော အရောင်များ ထွက်ပေါ်လာသည်ကို တွေ့လိုက်ရ​လေသည်...

ထိုအနီးအနားမှ AI-Men များက ထိုအလင်းရောင်ထွက်ပေါ်လာသည်နှင့် အဝေးသို ရှောင်သွားကြတော့သည်...

မိုင်လေးလည်း သိချင်စိတ်ဖြင့် လျှိုမြောင်းအပေါ်ကနေ ပျံသန်းရင်း အောက်သို့ ငုံ့ကြည့်လိုက်သည်...

ကလေးလေးတစ်ယောက်... မွေးကင်းစ ဖြူဖြူထွေးထွေး လူသားကလေးက ပက်လက်အနေထားဖြင့် လက်ဖဝါးသေးသေးလေးများကို ကောင်းကင်ပေါ်ဆန့်တန်းပြီး ငိုကျွေးနေလေတယ်...

"Coal... ငါပြောတယ်မလား... ကြည့်ကြည့် အောက်မှာ ကလေးလေးတစ်ယောက်.."

"ဟမ်... ဟုတ်သားပဲ... ချစ်စရာလေး"

မိုင်လေးပင် မြေပြင်ပေါ်မဆင်းရသေး... Coal လေးက တလှုပ်လှုပ်နှင့် ဆင်းသွားပြီး ကလေးနားမှာ လှည့်လည်ပျံသန်းရင်း ကလေးကို ချော့မြူနေတော့သည်... ထူးဆန်းစွာဖြင့်... မူလက ငိုနေသည့် ကလေးလေးက အငိုရပ်သွားပြီး တခစ်ခစ် ရယ်မောလာလေတယ်...

Forever More  ( ထာဝရထက်ပို၍ )Where stories live. Discover now