8.9

1.3K 161 8
                                    

Unicode

“မိုင်လေး သတိထားမိသွားပြီပေါ့..”

“နင်တို့အကြံ ဒါအကုန်ပဲလား..?” မိုင်လေး မီးလုံးလေးကို မေးလိုက်သည်။

System က တစ်ခုခုကြံစည်နေတယ်လို့ အမြဲတွေးထင်ခဲ့ပေမယ့် ဘာမှန်းသေချာမသိခဲ့ဘူး။ ယခုတော့ သူမချစ်သူရဲ့ အဓိပ္ပါယ်များစွာ ရောယှက်နေသည့် မျက်ဝန်းများကို မြင်လိုက်ရတော့မှ အရာရာကို နားလည်သဘောပေါက်သွားခဲ့ရသည်။

သူမချစ်သူအပေါ် သူမရဲ့ခံစားချက်တွေကိုသုံးပြီး Systemက ကစားချင်နေတာလို့ ထင်ထားခဲ့ပေမယ့် Ryanရဲ့စိတ်ခံစားချက်တွေကို မေ့လျော့နေခဲ့တယ်။ သူမ Mission တွေရဲ့ အောင်နိုင်ခြင်း၊ ကျဆုံးခြင်းက သူမရဲ့ချစ်သူပေါ်၌ မူတည်နေချေပြီ။

အမှန်အတိုင်းပြောရရင် သူမတို့ကြားမှာ တတိယလူမရှိခဲ့တဲ့အတွက် Ryanရဲ့စိတ်ကို အသေအချာမသိခဲ့ရဘူး.. တကယ်လို့ သူမသာ သူ,မဟုတ်တဲ့ တခြားလူတစ်ယောက်ကို ရွေးချယ်ခဲ့ရင် Ryan ဘာလုပ်မှာလဲ? မိုင်လေးပင် စိတ်ဝင်စားလာခဲ့ရသည်။

ဒီလိုလုပ်ပိုင်ခွင့်၊ ဒီလိုအာဏာရှိပုံမျိုးနဲ့ ဇာတ်လိုက်ကို ပုန်ကန်မှာလား? ဒါမဟုတ် တူတော်မောင်ကို အလျော့ပေးလိုက်မှာလား? Ryan ဘယ်လမ်းကို ရွေးချယ်မှာလဲ?

“’ရိ’မြို့စားမင်း.. ညီလာခံအတွင်း ဝင်ရောက်ခစားစေ..”

အထိန်းတော်ကြီးရဲ့ ဆင့်ခေါ်သံဆုံးသည်နှင့် ညီလာခံခန်းမအတွင်းသို့ လူနှစ်ယောက် ဝင်ရောက်လာခဲ့၏။ တစ်ဦးကား ခန့်ညားသည့် အမျိုးသားတစ်ယောက်.. ငယ်ရွယ်ပေမယ့် တည်ငြိမ်လေးနက်သည့်ဟန်ပန်က အဆင့်အတန်းမြင့်မားသည့် လူတစ်ယောက်မှန်း သိသာစေသည်။ နောက်တစ်ဦးကတော့ ချွေ့အာရဲ့မိခင် အမျိုးသမီးကြီးပင်။

မိုင်လေး အမျိုးသမီးကြီးရဲ့ တွေးခေါ်နိုင်စွမ်းကို စိတ်ရင်းအမှန်နဲ့ ချီးကျူးမိသွားတယ်.. ‘ရိ’မြို့စားမင်းကို ကြားခံလူအဖြစ်ရွေးချယ်ပြီး ညီလာခံထဲအထိ ပေါ်ပေါ်ထင်ထင် ဝင်ရောက်လာနိုင်တယ်ဆိုကတည်းက ဒီအမျိုးသမီးကြီးက တကယ့်ကိုမခေဘူးပဲ.. ပြီးတော့ သူမဘက်ကို လုံးဝလှည့်မကြည့်လာခဲ့ဘူး.. နည်းနည်းလေးတောင် ဟာကွက်မပေါ်စေဘူး..

Forever More  ( ထာဝရထက်ပို၍ )Where stories live. Discover now