9.5

1.1K 141 16
                                    

Unicode

မိုင်လေးဘာတွေးနေမှန်းမသိရှာတဲ့ မော့ချီကတော့ အသံတိတ်နေတဲ့ သူ့ရဲ့ကံကြမ္မာဖွဲ့နှောင်ရတနာလေးကို စိုက်ကြည့်နေခဲ့သည်။

ထူးဆန်းလိုက်တာ.. ကံကြမ္မာဖွဲ့နှောင်ရတနာတွေမှာ စိတ်ဝိဉာဉ်မပါတတ်ကြပေမယ့် ဒီရတနာလေးကျ စိတ်ဝိဉာဉ်ပါလာခဲ့တယ်.. ပြီးတော့ စိတ်ဝိဉာဉ်ရဲ့အသွင်က မိန်းကလေးပုံစံကြီး..

နေပါဦး…

သူ့အတွက်ရတနာက ဘယ်လိုဖြစ်လို့ မိန်းကလေးသုံးမှန်တစ်ချပ် ဖြစ်နေရတာလဲ? ပြီးတော့ ကံကြမ္မာဖွဲ့နှောင်ရတနာက အဆင့်တက်နေရင်း ကောင်းကင်ပေါ်က ပြုတ်ကျလာတတ်တယ်လို့ မကြားဖူးပါဘူး.. ထားလိုက်တော့.. ခေါင်းရှုပ်တယ်.. ဘာပဲဖြစ်ဖြစ် ငါ့အပိုင်ပဲ..

မိုင်လေးလည်း အခုမှ ပျောက်ဆုံးနေတဲ့ မဟူရာကျောက်စိမ်းအဆောင်လေးကို သတိရလိုက်သည်။ မဟူရာအဆောင်လေးကို မော့ချီသိမ်းထားတာ ဖြစ်လောက်မယ်...

“ရှင့်နာမည် မော့ချီနော်.. အချင်းချင်းမိတ်ဆက်ပြီးပြီဆိုတော့ ကျွန်မရဲ့မဟူရောင်ကျောက်စိမ်းအဆောင်လေးကို ပြန်ပေးဦးလေ..”

‘သခင်ဆိုတော့လည်း သခင်ပေါ့.. ဟမ့်
Role Play နေတယ်ပဲ သဘောထားလိုက်တော့မယ်.. ကိုကိုရေ..’

“ဘယ်က‌ မဟူရာကျောက်စိမ်းအဆောင်လဲ?”

သူ့ရဲ့ရတနာအသစ်လေးက ဘာတွေပြောနေတာလဲဆိုတာ သူလည်းနားမလည်တော့ဘူး.. ဟုတ်သားပဲ.. သူ့ရတနာလေးက မိန်းကလေးဆိုတော့ လိုချင်တာကို သွယ်ဝိုက်တဲ့နည်းနဲ့ ပူဆာနေတာများလား..?

ဟုတ်တယ်.. ဒါဖြစ်နိုင်တယ်..

“ရှင်သိ..” ရဲ့သားနဲ့..

မိုင်လေးခမျာ နောက်ဆက်တွဲစကားလုံးတွေကို ပြောဖို့အချိန်မရလိုက်ဘူး။ မော့ချီက သူမကိုကောက်ယူလိုက်ပြီး အင်္ကျီရင်ဘတ်ကြားထဲ ထည့်လိုက်သည်။ ဒါပေမဲ့ ကျိုးရင်းရင်းလို ထိုးထည့်လိုက်တာတော့ မဟုတ်ဘူး.. သူမရဲ့မှန်သားပြင်လေးကို အင်္ကျီအဟကြားမှာ ဖော်ထားပေးခဲ့တယ်..

ထို့နောက် မော့ချီက မြင့်မြတ်သန့်စင်သည့်ဟန်ပန်ဖြင့် အိမ်တော်အပြင်ဘက်သို့ဦးတည်လိုက်၏…

Forever More  ( ထာဝရထက်ပို၍ )Where stories live. Discover now