5.6

1.5K 204 8
                                    

Unicode

သူမ အရှေ့မှ အလောတကြီး ဦးဆောင်ကာ သွားနေသည့် Jayden ကို ကြည့်ရင်း မိုင်လေးနှုတ်ခမ်းပါးတို့က တွန့်ကွေးလို့သွားသည်…

‘ပထမခြေလှမ်း စကြတာပေါ့..’

“အစ်ကို Jayden… ညီမတစ်ခုလောက်မေးလို့ရမလား…”

Jayden တစ်ယောက် အတွေးတွေ ကယောက်ကယက်ဖြင့် Navy မဟုတ်ဟုဆိုသည့် မိန်းကလေးကို ရင်မဆိုင်ရဲတာကြောင့် အရှေ့ကနေ ခပ်သွက်သွက် လျှောက်နေလိုက်သည်…

မမျှော်လင့်စွာဖြင့်ပဲ ထိုမိန်းကလေးက စကားစလာခဲ့၏… သူလှည့်ကြည့်လိုက်တော့ ပကတိကြည်လင်စွာ ပြုံးပြနေသည့် မိန်းကလေး…. သူမရဲ့အပြုံးတို့က Navy နှင့် စစတွေ့ချင်း အချိန်တို့ကို ပြန်လည် သတိစေခဲ့သည်…

သူ့အရှေ့က မိန်းကလေးရဲ့အပြုံးတို့က ဘာလို့မှန်းမသိ သူ့ကို စိတ်ကြည်လင်လာစေတယ်....

မိန်းမောတွေဝေနေသည့် စိတ်ကို ပြန်လည်ထိန်းချုပ်လိုက်ပြီး

“Freya… မေးလေ… ဘာမေးချင်လို့လဲ..”

“ဟိုလေ… မမ Navy မှာ ရန်သူရှိလားလို့ပါ…
မေးတာ တမျိုးမထင်ပါနဲ့နော်… မမ Navy နဲ့ရင်းနှီးတဲ့လူက အစ်ကို့အပြင်မရှိဘူးလို့ ထင်လို့ပါ…”

Jayden အနည်းငယ် ထိန့်လန့်သွားပေမယ့် ရိုးသားဖြူစင်တဲ့မျက်ဝန်းတွေကို စိုက်ကြည့်ရင်း သူ့စိတ်သူထိန်းပြီး...

“သူက သာမာန်လူသားဆိုတော့ ရန်သူတော့ မရှိပါဘူး…
ဘာဖြစ်လို့လဲ…”

မိုင်လေးက သက်ပျင်းချလိုက်ပြီး အားကိုးတကြီးတိုင်ပင်ဟန်ဖြင့်…

“ဟမ်... မမNavy ကို စွမ်းအားရှင်ထင်နေတာ... Sorry....
အမှန်တော့ မနေ့က တိုက်ခိုက်ခံရတာ EV စခန်းအနီးနားကို ရောက်မှ ဖြစ်တာမို့ပါ..…
ညီမတို့လည်း ဘယ်သူနဲ့မှ ရန်ငြိုးမရှိခဲ့ဘူးတော့ စဉ်းစားရခက်နေတာ… ဒီရောက်တော့ မမ Navy နဲ့မျက်နှာချင်းဆင်တယ်ပြောကြလို့ မေးကြည့်မိတာပါ…
ဒီလိုဆိုတော့လည်း..ညီမ အတွေးလွန်နေတာ ဖြစ်မယ်…. ကျေးဇူးပါနော်…”

“ဟုတ်ပါပြီ.. ..
ဟိုး...အရှေ့က ညီမနဲ့ ညီမမောင်လေး နေဖို့အခန်း… အဆင်မပြေရင်.. Hellen ကိုဖြစ်ဖြစ် ကိုယ့်ကို ဖြစ်ဖြစ် ပြောလို့ရတယ်… OK?”

Forever More  ( ထာဝရထက်ပို၍ )Where stories live. Discover now