5.18

1.5K 194 6
                                    

Unicode

Zee တချိန်က သူပထမဆုံး နေခဲ့ဖူးတဲ့အိမ်ကလေးကို ငေးကြည့်နေမိတယ်… ဒီအိမ်ကလေးက သူတို့နှစ်ယောက်ရဲ့အမှတ်တရတွေ ပြည့်နှက်နေခဲ့တာ…

Third Wheel Coal : “……..”

အိမ်ကလေးရဲ့အနားကို တလှမ်းချင်းစီ ချဉ်းကပ်လာလိုက်ပြီး အိမ်ရှေ့တည့်တည့်မှာ ရပ်တန့်လိုက်တော့ သူ့အနောက်က အတန်းလိုက်စီကာ လိုက်ပါလာခဲ့သည့် AI-Men အုပ်စုကြီးကလည်း အလိုလို ရပ်တန့်သွားကြသည်… သိန်းနှင့်ချီသည့် AI-Men များက အမိန့်ကို စောင့်ဆိုင်းနေသော စစ်သည်တော်များကဲ့သို့ အဆင်သင့်ဖြစ်နေကြပြီ…

Coal လေးကတော့ အပြင်ကို လှမ်းကြည့်ရင်း သတိလစ်နေဆဲ ခန္ဓာကိုယ်ကို လှမ်းကြည့်လိုက်တယ်… ထို့နောက် Space Home ရှိရာ ပြန်သွားလိုက်သည်…

“Coal… ဘယ်လိုလဲ ဟိုခန္ဓာကိုယ်က သတိပြန်ရမယ့် အခြေအနေ မရှိသေးဘူးလား…”

မနေ့ကတည်းက သတိလစ်ပြီး Space Home ထဲပြန်ရောက်နေခဲ့တာ… ပထမဆုံးကမ္ဘာတုန်းကလို.. အတွေ့အကြုံတွေအရ သူမဝင်ရောက်ရသည့် ခန္ဓာကိုယ်က အတော်ကြာအောင် သတိလစ်နေတာ ဖြစ်နိုင်သည်…

“ဟင့်အင်း… အသေကောင်ကြီးလိုပဲ လှုပ်တောင် မလှုပ်ဘူး…”

“သေစမ်း… အဲ့လိုနဲ့ သေသွားရင် ဘယ်လို လုပ်မလဲဟ..”

“ပြောသားပဲ… စကားနားမထောင်ပဲ အစီအရင်တွေ လျှောက်ဆွဲတာ ဘယ်သူလဲ…”

“ဇာတ်လိုက်မ ရုတ်တရက် သောက်ရူးထမယ်လို့ ဘယ်သူက ထင်မှာလဲ…
နေဦး… ငါ့ခန္ဓာကိုယ်ကို တစ်ခုခုက ဆွဲငင်နေပြီ… ငါပြန်သတိရတော့မယ် ထင်တယ် …. ဟား…ဟား…”

ပြောနေရင်းဖြင့် Space Home အတွင်းမှ မိုင်လေး ပျောက်သွားတာကြောင့် Coal ခမျာ ပုံရိပ်ယောင်ကမ္ဘာထဲကို ကပြာကယာ လိုက်သွားရပြန်သည်…

ရောက်ရောက်ချင်း ကြားလိုက်ရသည့်အသံက…

“Coal ရေ… သောက်ကျိုးနည်းပြန်ပြီဟ…”

အိပ်စက်နေသလို လဲလျောင်းနေသည့် ခန္ဓာကိုယ်က ထွက်လာသည့်စကားကြောင့် Coal လေးခေါင်းပေါ်မှာ ??? တွေ တန်းစီသွားရတယ်….

Forever More  ( ထာဝရထက်ပို၍ )Where stories live. Discover now