Real World 3

1K 119 8
                                    

Unicode

မိုင်လေးက System ကမ္ဘာထဲသို့ ဝင်သွားလိုက်သည်။

ယခုတစ်ခေါက်တော့ ဝိဉာဉ်တစ်ခုမဟုတ်ပဲ လူသားအနေဖြင့်။ ထို့ကြောင့် ခံစားချက်ကား ကွာခြားလွန်းလှသည်။

သို့သော်လည်း နေရာအသစ်သို့ ရောက်သွားသလိုမျိုး စိမ်းသက်မနေပဲ ရင်းနှီးကျွမ်းဝင်နေခဲ့သည်။ အတိတ်ဘဝ၏ မှတ်ဉာဏ်များဖြင့် ကျင့်သားရလာပြီဖြစ်တာကြောင့် System တစ်ခုလုံးက ကိုယ့်ခြေကိုယ့်လက်လိုပင်။ Coal လေးလိုက်ပို့ဖူးသည့် သူမ၏အခန်းသို့ ဦးတည်သွားလိုက်သည်။

ထင်သည့်အတိုင်းပင် ထိုအခန်းရှေ့၌ Coal လေးက အပြာရောင်မီးတောက်လေးအသွင်ဖြင့် မှိုင်တွေနေလေ၏။

“Coal..”

သူမရဲ့ခေါ်သံကို ကြားသည်နှင့် အလျင်စလို လှည့်ကြည့်လာသည့် မီးလုံးလေး..

သူမကိုမြင်သည်နှင့် အပြာရောင်မီးတောက်များမှ အံ့ဩဖို့ကောင်းလောက်အောင်ပင် ရေစက်တချို့ ဖြာကျလာခဲ့လေရဲ့။

မီးတောက်လေးက မျက်ရည်ကျတတ်မယ်လို့ ဘယ်သူထင်ထားခဲ့မှာလဲ..?

“အူးဝါး.. ကျွန်တော်စောင့်နေခဲ့တာ.. ဘာလို့ကြာနေတာလဲ..? နည်းနည်းသာ ထပ်ပြီးနောက်ကျရင် နောက်ထပ် Host တစ်ယောက်ကို တာဝန်ယူရတော့မှာ.. သိရဲ့လား အကျင့်ပုတ်ရဲ့.. ရည်းစားကိုတွေ့တာနဲ့ ကျွန်တော့်ကိုမေ့သွားတယ်.. တာဝန်မယူနိုင်ရင် အစကတည်းက မမွေးထားပါနဲ့လား..? သူနဲ့လည်း လိုက်သေပေးရသေးတယ်.. အခုတော့ ကြောင်ဘဝကနေ ခွေးဖြစ်တော့မလို့.. မိုင်လေး လူဆိုးမကြီး..”

မိုင်လေးက မီးလုံးလေးကို ညင်သာစွာ ပွတ်သပ်ပေးလိုက်ပြီး..

“ကိုယ့်ကိုယ်ကို ကြောင်ဆိုတာ သတိရသေးတယ်ပေါ့..? မဆိုးဘူး တော်လာပြီ.. မျက်ရည်အရင်သုတ်လိုက်ဦး ကြောင်ချေးရုပ်လေးရဲ့..”

Coal လေး၏မျက်ဝန်းများက အမှန်တကယ် ဝမ်းနည်းနေကြောင်း သိသာလွန်းနေသည်။ မိုင်လေးက ပေါ့ပေါ့ပါးပါးဖြစ်အောင် စနောက်လိုက်ပြီး Coal လေးကို ပွေ့ချီလိုက်ကာ အခန်းထဲသို့ ဝင်လာခဲ့သည်။

အခန်း၏ဖွဲ့စည်းပုံက ယခင်အတိုင်း မပြောင်းလဲသေးပေ။ သို့သော်လည်း System Creator ရဲ့ခန္ဓာကိုယ် တစ်နည်းအားဖြင့် သူမ၏အတိတ်ဘဝခန္ဓာကိုယ်ကို ပြန်မြင်လိုက်ရသည့်အချိန် ပထမတစ်ခေါက်နှင့် မတူတော့ပဲ ခံစားချက်က ထူးဆန်းနေခဲ့သည်။

Forever More  ( ထာဝရထက်ပို၍ )Where stories live. Discover now