4.10

1.7K 216 7
                                    

Unicode

“အား…ကျွတ်ကျွတ်..”

နာကျင်နေသည့် ဦးခေါင်းအနောက်ဖက်ကို ဆုပ်ကိုင်ရင်း ထထိုင်ဖို့လုပ်လိုက်ပေမယ့် မဟန်နိုင်ပဲ ပြန်လည် လဲကျလို့သွားသည်…  ဦးခေါင်းမှာပေနေသည့် စေးကပ်ကပ်အရည်တချို့က သူမဘာဖြစ်နေသည်ဆိုတာကို ပြောပြလို့နေတယ်…

‘သေချင်းဆိုး ဇာတ်လိုက်အရူးမ… ငါလေးကို ဘယ်တုန်းကတည်းက အသေသတ်ချင်နေလဲ မသိဘူး’

မျက်ခွံကို အတင်းကာရော ပွင့်အောင်ဖွင့်ပြီး ဘယ်ရောက်နေသည်ဆိုတာကို အရင်အတည်ပြုလိုက်တော့ သူမ ကျင်းဟွာရဲ့ခန္ဓာကိုယ်ထဲ စစရောက်ချင်း ရောက်ခဲ့ဖူးသည့် အိပ်ခန်းပင်…. အဖြူရောင်ခုတင်က အခုထိ ပုံစံမယွင်း…

မှတ်ဉာဏ်တွေကို ပြန်ရပြီးလာတော့မှ မုယုံချီရဲ့ အမဲလိုက်အိမ်က သူ့အဖေ မုယုံဟော်ရဲ့အပန်းဖြေအိမ်ပုံစံကို ယူထားသည့် ပုံစံငယ်တစ်ခုသာ ဖြစ်ကြောင်းသိလိုက်ရသည်…

 ကြည့်ရတာ…သူ့အဖေကို သူကိုယ်တိုင် သတ်မိလိုက်ခြင်းက စိတ်ထဲမှာ အတော်စိုးမိုးသွားပြီး ….ထိုစဉ်က လှေကား၊ဝရန်တာနဲ့ ဧည့်ခန်းပုံစံကို နမူနာယူကာ ပုံစံငယ်အိမ်အသေးလေး ဆောက်ထားပြီး သူ့အဖေကဲ့သို့ အမှုတွေ ကျူးလွန်မိနေခြင်း ဖြစ်ပုံရသည်…

“Coal ရေ…ကယ်ပါဦး…ငါသွေးထွက်လွန်ပြီးသေတော့မယ်ထင်တယ်..”

“ခလုတ်ထိမှ Coal ကို လာတမနေနဲ့….ရော့ ဆေး pts ၁၀၀၀
ယူချင်ယူ မယူချင်နေ…point ဖြတ်ပြီးပြီမို့ ပြန်အမ်းမပေးနိုင်ဘူး”

Coal..လေးရဲ့ ဆူအောင့်အောင့် စိတ်ပူနေသည့် စကားတို့ကြောင့် မိုင်လေး ရယ်ချင်ပေမယ့် ဦးခေါင်းထက်က နာကျင်မှုက ခွင့်မပြု….. ပေးလာသည့်ဆေးကိုသာ ယူပြီး အမြန်သောက်လိုက်သည်…

“အား….လန်းဆန်းသွားတာပဲ…
ငါ့ Coal လေးက တအားစိတ်ပူနေတယ်ထင်တယ်…ဟုတ်လား”

“တော်စမ်းပါ…အရူးမို့ စိတ်ပူရမှာလား..
Guest သာ ရူးနေလို့ ဇာတ်လိုက်မ လုပ်သမျှ တမင်ငြိမ်ခံခဲ့ပြီးတော့…”

“ဪ …Coal လေးရယ်…
နွားကိုလိုချင်ရင် နွားခြံထဲကိုတော့ ဝင်ရမှာပေါ့လို့…
အခုလည်း ဘာမှဖြစ်တာမှ မဟုတ်တာ…
စိတ်မပူနဲ့ …အဲ့လင်းယွဲ့က ငါ့ကို သတ်မယ်ဆိုတောင် သူ့လူစားဖို့ တစ်ခါစားစာတော့ ချန်ထားဦးမှာ…သိရဲ့လား”

Forever More  ( ထာဝရထက်ပို၍ )Where stories live. Discover now