7.1

1.8K 172 5
                                    

Unicode

"မိုင်လေး နောက်ကမ္ဘာတစ်ခုကို သွားဖို့ အသင့်ပြင်တော့...

ကြိုပြီး သတိပေးလိုက်စရာရှိတယ်.. အထက်လူကြီးတွေ၊ မိုင်လေးတို့အခေါ် မျှော်စင်က လူကြီးတွေက System ကို ဝင်မစွက်ဖက်နိုင်ပေမယ့် မိုင်လေးက သူတို့နဲ့ သဘောတူညီချက်လုပ်ပြီး ဒီSystem ထဲကို ဝင်လာတာဆိုတော့.. နောက်ကမ္ဘာ ၄ ခုမှာ ပိုပြီး ခက်ခဲလာနိုင်တယ်..."

မိုင်လေး တစ်စုံတစ်ရာကို စဥ်းစားမိသွားပြီး...
"ဒီSystem ကို စပြီး ဖန်တီးခဲ့တဲ့လူက ဘယ်သူလဲ.. Coal နင်သိလား..?"

Coal လေးက တစ်ချက်တွေဝေသွားပေမယ့် ဘာမှသိထားသည့်ပုံ မပေါ်ချေ...

"ကျွန်တော်လည်း မသိဘူး.. ကျွန်တော်တို့လို System အကူတိုင်းမှာ မှတ်ဉာဏ်မရှိကြတော့ဘူးလေ..."

မိုင်လေး ခေါင်းအသာညိမ့်လိုက်ပြီး "နောက်ကမ္ဘာပို့တော့.. ငါအသင့်ဖြစ်နေပြီ.."

"ကောင်းပြီ.."

အသားမကျနိုင်သေးသော နာကျင်မှုနှင့်အတူ အမှောင်နယ်မြေအတွင်းသို့ တိုးဝင်သွားတော့၏...

..............

"အဟွတ်.. အဟွတ်.."

လည်ချောင်းထဲမှ ယားယံလာမှုကို မအောင့်ထားနိုင်တော့ပဲ ချောင်းဆိုးလိုက်မိတယ်.. မိုင်လေး မျက်လုံးကို ဖြည်းညှင်းစွာ ကြည့်လိုက်ပြီး ပတ်ဝန်းကျင်ကို အကဲခတ်လိုက်သည်..

သူမက အိုဟောင်းနေသည့် ခုတင်တစ်ခုပေါ်မှာ လဲလျောင်းနေခဲ့ပြီး အခန်းလေးက ၁၀ ပေပတ်လည်ခန့်သာ အကျယ်ရှိ၏.. အခန်းနံရံက မည်သည့်အရောင်မှန်း မသိလောက်အောင် ညစ်ပေနေပြီး အခန်းထဲ၌လည်း ခုတင်အဟောင်းတစ်လုံးနှင့် အရောင်မွဲမွဲသေတ္တာတစ်လုံးမှလွဲ၍ တခြားမည်သည့် ပရိဘောဂပစ္စည်းမှ ရှိမနေချေ...

မိုင်လေး လက်ကို မြှောက်ကြည့်လိုက်တော့ သူမရဲ့လက်က ဖြူဖျော့ပါးလျနေသည်.. ဒီခန္ဓာကိုယ်ပိုင်ရှင်က အားနည်းနေတယ်ဆိုတာ သူများ သွားမေးနေစရာတောင် မလိုတော့ဘူး.. ခုတင်ပေါ်မှာ လဲလျောင်းနေသည့်တိုင်အောင် မသက်မသာခံစားနေရသည်..

"Coal လေးရေ.. ဒီဘဝတော့ ငါ,သူတောင်းစားဖြစ်သွားတာ မဟုတ်လောက်ပါဘူးနော်..."

Forever More  ( ထာဝရထက်ပို၍ )Where stories live. Discover now