3.8

1.7K 200 0
                                    

Unicode

တည်းခိုခန်းတစ်ခု၏ ထိပ်တန်းအဆောင်တစ်ခုဝယ်……ငယ်ရွယ်တဲ့ကောင်လေးနှစ်ယောက်ဟာ စိတ်ဆိုးနေဟန်ဖြင့် မျက်မှောင်ကြုတ်ပြီး ထိုင်နေတဲ့ မိန်းမလှလေးတစ်ယောက်ရဲ့ ရှေ့မှောက်တွင် ငြိမ်သက်စွာဖြင့် ခေါင်းငုံပြီး ရပ်နေကြလေတယ်

“ဟော်အာ…..ပိုင်ဖန်း

မင်းတို့ ဒီနေ့ ဘာအပြစ်ကို ကျူးလွန်ထားလဲ”

မိုင်လေး တကယ်ကို စိတ်တိုနေတာ……

နှစ်ယောက်သားက ဆိုင်ထဲကနေ ထွက်သွားတာနဲ့ မိုင်လေးလည်း အနောက်က လိုက်ထွက်လာခဲ့ပေမယ့် နှစ်ယောက်စလုံး အရိပ်ပင်ရှာမရအောင် ဘယ်ကိုပျောက်လို့ ပျောက်သွားမှန်းမသိ…..ပုံမှန်ဆို နတ်ဝိဇ္ဇာအဆင့် တစ်ယောက်အနေနဲ့ လူတစ်ယောက်ကို ရှာတွေ့ဖို့ဆိုတာ လွယ်ကူပေမယ့် ဇာတ်လိုက်ရဲ့ Cheat တွေက တကယ့်ကို အနှောင့်အယှက်ပေးလွန်းနေတယ်……

(အမှန်တော့ ပိုင်ဖန်းက ရှဟော်လေး သကြားလုံးမုန့်ကို ငမ်းတယ်ဆိုတာကို မသိပဲ ဇာတ်လိုက်မနဲ့ သဝန်တိုပြီး ထွက်သွားပါ)

နောက်ဆုံး မိုင်လေး ဆက်ရှာမနေတော့ပဲ မုန့်ဆိုင်တစ်ဆိုင်မှာ ထိုင်စောင့်နေတော့မှပဲ သကောင့်သားနှစ်ယောက်က သူမရှေ့တည့်တည့်ကို ပြန်လည်ရောက်ရှိလာလေတယ်….

နေ့လည်ကတည်းက ထွက်သွားကြပြီး ပြန်တွေ့တော့ နေပင်ဝင်လုဆဲဆဲ ဖြစ်နေပြီ…မလွန်လွန်းဘူးလား……ပြော…….

နေရောင်ပျောက်လုနေပြီဖြစ်တာကြောင့် မိုင်လေး ဒေါသတွေကို မြိုသိပ်ကာ အရင်ဆုံး တည်းခိုဆောင်တစ်ခုကို အရင်သွားလိုက်ပြီးတော့ သီးသန့်အဆောင်တစ်ခုကို ငှားရမ်းလိုက်တယ်…..အခန်းထဲ ရောက်တာနဲ့ ဒေါသတွေကို ဖွင့်ထုတ်လိုက်ပြီး ဆူဖို့ ပြင်လိုက်တော့ နှစ်ယောက်စလုံးက မျက်နှာငယ်လေးတွေနဲ့……..အေးပါ….ငါပဲလူဆိုးမကြီး....

“ပြောလေ…….နင်တို့ဘာမှားလဲ”

နှစ်ယောက်စလုံးက ခုချိန်ထိ အသံမထွက်လာပဲ ခေါင်းသာ အတွင်ငုံ့ထားကြတော့ ဆူရမယ့်လူတောင် ပရိတ်သတ်မရှိပဲ ပြဇာတ်ကနေရသလို ခံစားလာရသည်

Forever More  ( ထာဝရထက်ပို၍ )Where stories live. Discover now