4.1

2.1K 201 6
                                    

Unicode

ဦးခေါင်းတစ်ခုလုံး ပေါက်ကွဲမတတ် နာကျင်မှုတို့က ဘယ်သောအခါမှ အသားကျမည်မဟုတ်…သို့သော်ငြား နာကျင်မှုတို့ကို သည်းခံမြိုသိပ်ရင်း မိုင်လေး မျက်လုံးတို့ကို ဖြည်းညှင်းစွာဖွင့်ကြည့်လိုက်သည်…မှောင်ရိပ်သန်းနေတဲ့နေရာတစ်ခုမှာ သူမ၏ခန္ဓာကိုယ်က ပက်လက်မကျ အနည်းငယ်သာမတ်သော အနေအထားဖြင့် တင်းကျပ်စွာချည်နှောင်ခံထားရပြီး သူမရှေ့မှ မြင်ကွင်းက အဓိပ္ပါယ်ဖော်မရလောက်အောင် ရှုပ်ထွေးလွန်းနေသည်….

ဝေဝါးနေတဲ့အမြင်အာရုံကို အဓိပ္ပါယ်ဖော်ရန် ကြိုးစားနေသော်လည်း သူမရှေ့မှာ တစ်စုံတစ်ခုက ဟိုဘက်သည်ဘက်ယိမ်းကာ သူမမြင်ကွင်းကို နှောင့်ယှက်လို့နေသည်…စိတ်တိုတိုနှင့် ပါးစပ်မှ အော်ဆဲမိမလိုဖြစ်သည့်အချိန် ကြားလိုက်ရသည့်အသံကြောင့် ပါးစပ်ကို အမြန်ပိတ်ထားလိုက်ရသည်….

“ဒီနာရီလေးကို အာရုံစိုက်ပြီးကြည့်……

မိန်းကလေး ငါ့အသံကိုကြားရင် ခေါင်းညိမ့်ပါ………”

လေးဖင့်ဖင့် ဆွဲငင်သောလေသံနှင့် သူမမျက်စိရှေ့မှာ လှုပ်ရမ်းနေသည့် နာရီက Coal လေးကို လုပ်ခဲ့သမျှ ဝဋ်လည်ပြီဆိုတာကို ဗေဒင်မေးစရာမလိုအောင် သိလိုက်ပြီ….သူမရှေ့မှာ လူတစ်ယောက်က မတ်တပ်ရပ်နေပြီး ကြိုးနာရီကို အသုံးပြုကာ သူမကို စိတ်ညှို့နေခြင်းပင်…..

Coalစုတ်လေးက ဘယ်နားရောက်နေပြီလဲမသိဘူး နောက်ကမ္ဘာကို ကူးပြောင်းပြီးခြင်း ဘာမှန်းမသိသည့်နေရာမှာ ဘယ်သူမှန်းမသိတဲ့လူက ဘာလို့မှန်းမသိ သူမကို စိတ်ညှို့ရန်ကြိုးပမ်းနေလေတော့….ဘာလုပ်ရမှန်းမသိအောင် ဖြစ်သွားတယ်…

သူမရှေ့က လူစိတ်ကျေနပ်အောင် မျက်လုံးကို အသက်မဲ့နေသလို မှေးမှိန်စွာနေလိုက်ပြီး စိတ်ထဲမှာ‌တော့ Coal လေးကို အော်ခေါ်ရတော့သည်…..

“Coal…အစုတ်အပဲ့ရေ…ငါ့ကို နည်းနည်းလေးလောက်တော့ လာရှင်းပြပါဦးဟ”

သူမခေါ်လိုက်တော့ သူမနံဘေးမှ Coal လေးရဲ့အသံထွက်လာပေမယ့် လှည့်မကြည့်ရဲ…

“ဇာတ်ကြောင်းပို့လိုက်ရတော့မလား”

“ရူးနေလို့လား….
ဇာတ်လိုက်နဲ့ဇာတ်လိုက်အမျိုးသမီး ပြီးတော့ ဒီခန္ဓာကိုယ်ရဲ့နာမည်သာ အရင်ပြော”

Forever More  ( ထာဝရထက်ပို၍ )Where stories live. Discover now