5.2

1.7K 194 7
                                    

Unicode

သူမအားတိုက်ခိုက်ခဲ့ကြသည့် သူများက Alpha AI-Men ဟုခေါ်သည့် အနိမ့်ဆုံးအဆင့်များဖြစ်ပြီး အလင်းတန်းဖြင့် ပစ်လိုက်သည့် တစ်ယောက်က အလယ်အလတ်အဆင့် Beta AI-Men ဖြစ်သည်… ရှာဖွေတွေ့ရှိချက်များအရ Gamma AI-Men နှင့် Delta AI-Men ဟုခေါ်သည့် နောက်ထပ်အမျိုးအစားနှစ်ခုထပ်ရှိသေးသည်…

Gamma AI-Men များက Virus ဖြန့်ချီသူများဖြစ်ပြီး Alpha နှင့် Beta တို့ထက် ပိုမိုလျှင်မြန်သွက်လက်လေသည်… Delta AI-Men များကတော့ အလွန့်အလွန်ကို ရှားပါးသည့်အမျိုးအစားဖြစ်ပြီး ကိုယ်ပိုင်သဘာဝစွမ်းအင်များ ပိုင်ဆင်ထားကြလေတယ်…

(Note.. Omegaverse နဲ့မှားမှာစိုးလို့နော်… သာသာက ဒီမှာ Greek Alphabet တွေကို ယူသုံးထားတာပါ)

ထို့နည်းတူစွာပဲ ကျန်ရစ်ခဲ့သည့် လူသားများတွင်လည်း သာမာန်လူသားများနှင့် စွမ်းအားရှင်လူသားများဟူ၍ နှစ်ဖွဲ့ပြန်ကွဲသွားသည်… တိုက်ပွဲကြားမှ ထွက်ပြေးခဲ့ရသည့် လူသားများဟာ အချိန်တစ်ခုကြာပြီးနောက် သူတို့ရဲ့ခန္ဓာကိုယ်ဖွဲ့စည်းပုံများအရ စွမ်းအားများနိုးထလာကြတေ...

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

ထို့နည်းတူစွာပဲ ကျန်ရစ်ခဲ့သည့် လူသားများတွင်လည်း သာမာန်လူသားများနှင့် စွမ်းအားရှင်လူသားများဟူ၍ နှစ်ဖွဲ့ပြန်ကွဲသွားသည်… တိုက်ပွဲကြားမှ ထွက်ပြေးခဲ့ရသည့် လူသားများဟာ အချိန်တစ်ခုကြာပြီးနောက် သူတို့ရဲ့ခန္ဓာကိုယ်ဖွဲ့စည်းပုံများအရ စွမ်းအားများနိုးထလာကြတော့သည်… မီး၊ရေ၊လေ၊မြေ၊သတ္တု၊လျှပ်စစ် စသည်ဖြင့် စွမ်းအားများပိုင်ဆိုင်လာကြပြီး စွမ်းအားတစ်ခုမက ပိုင်ဆိုင်ထားသည့် လူနည်းစုလည်းရှိသည်....

သာမာန်လူသားများက အလွန်သနားဖွယ်ရာကောင်းလေသည်… ထိုသူများကား AI-Men အဖြစ်ကူးပြောင်းသွားခြင်းလည်းမရှိ… စွမ်းအင်နိုးထလာခြင်းလည်းမရှိပဲ.. ဘာမှမလုပ်နိုင်သည့် အပယ်ခံလူများသာ ဖြစ်ကြပြီး အထူးသဖြင့် အခုလို ခေတ်ပျက်ကာလမှာ ရပ်တည်နိုင်စွမ်း နည်းပါးကြသည်...

မူလကိုယ်ကလည်း သာမာန်လူသားတစ်ယောက်ဖြစ်သည်… တိုက်ပွဲများအကြားမှာ ပုန်းရှောင်သွားလာနေရင်း သူမရဲ့ငယ်ချစ်ဦးဖြစ်သည့် Jayden က မီးစွမ်းအားနိုးထလာခဲ့ပေမယ့် သူမကတော့ မည်သည့်စွမ်းအားမျှ နိုးထလာခြင်း မရှိခဲ့ချေ…

Forever More  ( ထာဝရထက်ပို၍ )Where stories live. Discover now