6.9

1.4K 176 2
                                    

Unicode

Vampire နယ်မြေနှင့် လူသားနယ်မြေ၊ ထိုနယ်မြေနှစ်ခုနှင့် ထိစပ်နေသည့်‌ နေရာ၌ နက်ရှိုင်းလှသော တောအုပ်ကြီးတစ်ခုက နေရာယူထားလေသည်.. ထိုတောအုပ်က မည်မျှအထိ နက်ရှိုင်းသည်မှန်း မည်သူမျှမသိ… မြင့်မားသော တောင်တန်းကြီးတွေကလည်း တည်ရှိနေတာကြောင့် သာမာန်လူသားတို့ အရဲစွန့်ကာ မသွားလာရဲသည့် နယ်မြေဖြစ်၏….

လူသွားလူလာ ရှင်းလင်းသော တောစပ်တစ်နေရာဝယ် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး တိုက်ခိုက်နေကြလေသည်… အတော်ကြာအောင် သူတစ်ပြန်ကိုယ်တစ်ပြန် ပညာစမ်းနေကြပြီးနောက် နှစ်ယောက်စလုံး ရပ်နားလိုက်ကြကာ.. သစ်ပင်ကြီးတစ်ပင်အောက် အရိပ်ရသည့်နေရာတစ်ခုဆီ ဦးတည်သွားလိုက်ကြတယ်…

“Wilson .. နင့်လက်ရည်က တိုးတက်လာခဲ့ပြန်တာပဲ.. အချိန်ခနလေးနဲ့ ငါ့ကို အနိုင်ယူနိုင်တော့မယ်…”

“နင်လည်း ကူညီပေးနေလို့ပါ… ဆရာက ၁၅ ရက်တစ်ခါမှ လာတော့ ငါလည်း လေ့ကျင့်ဖော်မရှိ ဖြစ်နေခဲ့တာ.. နင့်ကို တကယ်ကျေးဇူးတင်တယ်..”

မိန်းကလေးက နူးညံ့စွာ ပြုံးရယ်လိုက်ပြီး သူမလက်ထဲက ရေဘူးကို Wilson ဆီ ကမ်းပေးလိုက်သည်…

“သောက်ကျိုးနည်း.. ဇာတ်လိုက်နဲ့ ဇာတ်လိုက်မက ဘယ်တုန်းက ပြန်တည့်သွားပြန်တာလဲဟ…”

ထိုမိန်းကလေးကား ဇာတ်လိုက်မ Layla ပင်…

မိုင်လေး ထိုမြင်ကွင်းကို ကြည့်ရင်း သွေးတက်နေတော့တယ်… သူမကတော့ ဇာတ်လိုက်လေး ရင့်ကျက်လာမယ့်အချိန်ကို စောင့်နေခဲ့တာ.. အခုတော့ ဟိုတလောကပဲ ရန်ဖြစ်ထားသည့် ဇာတ်လိုက်မနှင့် အဆင်ပြေနေချေပြီ… သူမလက်က ဓားရှရာက အမာရွတ်မကျန်ပေမယ့် အနည်းငယ်ပြန်နာလာသလို ခံစားလိုက်ရတယ်…

‘ဒီကောင်စုတ်လေးကို ပညာပေးမှ ဖြစ်တော့မယ်..'

“သူများကို သွားအပြစ်မတင်နဲ့လေ.. သံထည်တွေကို ပုံသွင်းချင်ရင် အပူပေးပြီးပျော့တုန်း လိုအပ်သလို ပုံသွင်းရတာ ငတုံးမရဲ့.. Wilson က မင်းအနားကပ်နေတဲ့အချိန် မင်းက ဂရုစိုက်ခဲ့လို့လား..”

Forever More  ( ထာဝရထက်ပို၍ )Where stories live. Discover now