7.5

1.3K 176 14
                                    

Unicode

သရဲမလေးက သူမရဲ့ဖြစ်ရပ်ကို ပြောပြလာခဲ့၏…

သူမရဲ့နာမည်က လျိုရီဖေးဖြစ်သည်.. သူမရဲ့မိဘတွေက သူမငယ်စဉ်ကတည်းက Accident တစ်ခု၌ ကွယ်လွန်သွားခဲ့ပြီး. မိဘ၊ မောင်နှမ၊ ဆွေမျိုးသားချင်းမရှိပဲ တစ်ဦးတည်း ရုန်းကန်ကာ ရပ်တည်ခဲ့ရတယ်.. ထက်မြက်တက်ကြွသည့် မိန်းကလေးဖြစ်ပြီး လှပသိမ်မွေ့တာကြောင့် သူမကို သဘောကျသူများ ဝိုင်းဝိုင်းလည်နေခဲ့သည်..

ထိုလူတွေထဲမှာမှ ကုစစ်မင်လို စားနေကျ ကြောင်ပါးကြီးက သူမရဲ့နှလုံးသားကို အရယူသွားနိုင်ခဲ့ခြင်းက ကံဆိုးမှု၏အစပင်.. အစောပိုင်းတော့ ကုစစ်မင်ကို ငြင်းပယ်ခဲ့ပေမယ့် မိန်းကလေးတွေရဲ့ အထာကို နောကျေနေပြီဖြစ်သည့် ကုစစ်မင်က သူမအပေါ် အနွံ့တာခံသလို ယုံကြည်အားကိုးရသည့်လူအဖြစ်လည်း နေပြခဲ့တယ်.. တဖြည်းဖြည်း သံယောဇဉ် ငြိတွယ်လာခဲ့မိပြီး လျိုရီဖေးက သူ့အပေါ် အရာရာ ပုံအပ်ခဲ့မိတော့သည်.. ၆ လခန့်အထိ နှစ်ယောက်အတူ ပျော်ရွှင်စွာ နေခဲ့ကြပြီးနောက် လျိုရီဖေးက မမျှော်လင့်ပဲ ကိုယ်ဝန်ရသွားခဲ့တော့တယ်..

မုန်တိုင်း၏အစကား လေပြေများဖြင့် လှပနေတတ်သလို.. လျိုရီဖေး ကိုယ်ဝန်ရကာစ၌လည်း ကုစစ်မင်က ကမ္ဘာပေါ်မှာ သူ့ထက်ပျော်မည့်သူမရှိသလို ပြုမူခဲ့သည်.. သူ့ရဲ့မိတ်ဆွေ၊ အပေါင်းအသင်းများဖြင့် မိတ်ဆက်ပေးခဲ့ပြီး.. မွေးလာမည့် ကလေးအတွက် ပစ္စည်းအသေးအဖွဲ့လေးတွေကအစ နှစ်ယောက်အတူတူ ဝယ်ရင်း၊ ပြင်ဆင်ရင်း.. လောကကြီးက‌ ပျော်စရာအတိဖြစ်နေခဲ့တော့၏…

ဒါတွေအကုန်လုံးက သူမအရှေ့၊ ပတ်ဝန်းကျင်ရဲ့အရှေ့မှာ ဟန်ဆောင်နေတာဖြစ်ကြောင်းကို လျိုရီဖေး သေဆုံးကာနီးမှ သိလိုက်ရသည်.. လူယုတ်မာက အကြံကြီးလွန်းသည်.. အသေးစိတ် အကွက်ချတတ်လွန်းသည်..

ချစ်သူသက်တမ်း ၁၀ လ၊ ကိုယ်ဝန် ၅ လခန့်၊ လျိုရီဖေး သူမရဲ့မိဘတွေကို လွမ်းဆွတ်မိတာကြောင့် မြို့ပြင်သုသာန်ကို သွားခဲ့တယ်.. အမှန်တော့ သေချာစဉ်းစားကြည့်မယ်ဆိုရင် ဒါတွေက ကြိုတင်စီစဉ်ထားခဲ့တာပဲ.. ကုစစ်မင်က ထိုရက်ပိုင်းအတွင်း သူ့မိဘတွေဆီ မကြာခနဖုန်းဆက်ခဲ့ပြီး သူမအရှေ့မှာ စကားတွေ အတော်ကြာအောင် ပြောတတ်သည်.. သူရဲ့မိဘတွေက သူ့ကို ဘယ်လောက်ချစ်ကြောင်း၊ မည်မျှ ဂရုစိုက်ကြောင်း၊ သူတို့ရဲ့ကလေးကိုလည်း သူက ဘယ်လောက်ချစ်ကြောင်း။ စသည်ဖြင့် သူမအနားမှာ မကြာခနပြောလာတော့သည်..

Forever More  ( ထာဝရထက်ပို၍ )Where stories live. Discover now