4.5

1.7K 213 6
                                    

Unicode

တစ်ပတ်နီးပါးဆက်တိုက် အိပ်မက်ဆိုးတွေမက်ပြီး အိပ်ရေးပျက်ထားလို့ထင်သည်…မိုင်လေး မနက်ပိုင်း အိပ်ယာထဖို့ကြိုးစားပေမယ့် မျက်လုံးအိမ်က ပွင့်မလာ…သို့နှင့် မနက်ပိုင်း ကျောင်းမှနေ့တဝက်ခွင့်ယူလိုက်ပြီး အိပ်ရေးဝအောင် ပြန်အိပ်နေလိုက်သည်…

မိုင်လေး ပျက်ကွက်သည့်မနက်ပိုင်းလေးမှာပင် တစ်ကျောင်းလုံး လှုပ်လှုပ်ရှားရှားဖြစ်စေသည့် ကိစ္စတစ်ခု ပေါ်ပေါက်လာခဲ့သည်…နန်ချင်းရီ ကျောင်ခေါင်မိုးထပ်မှ ခုန်ချ၍ သတ်သေခြင်းပင်….

မိုင်လေး အိပ်ယာကနိုးသည့်အချိန် တိတ်ဆိတ်နေရမည့်အဆောင်က ဆူညံပွက်လောရိုက်နေပြီး လင်းယွဲ့က သူမအနားကပ်ကာ တတွတ်တွတ်ပြောနေသောကြောင့် အကြောင်းစုံကို သိလိုက်ရလေသည်…

ဒါပေမယ့် ဘာကြောင့်လဲ…တစ်ပတ်လုံးလုံး သူမသဘောကျရတဲ့ မုယုံချီကို သူမကြောင့် ဒဏ်ရာရတယ်ဆိုပြီး ပြုစုပေးနေရင်း ပျော်ရွှင်နေသည့် မိန်းကလေးက အဘယ်ကြောင့်သတ်သေသွားရတာလဲ…

မိုင်လေးတောင် မုယုံချီထမင်းစားတာကအစ အတန်းထဲအထိ လာဂရုစိုက်ပေးရင်း ပြုံးပျော်နေတဲ့ နန်ချင်းရီကို ကြည့်ကာ သူမချစ်သူကို လွမ်းမိနေခဲ့သေးသည်…

မိုင်လေး လက်နှစ်ဖက်ကို ချမ်းသလို ပိုက်လိုက်ပြီး ခေါင်းကို ဘယ်ကြည့်ညာကြည့်လုပ်လိုက်တော့ သူမကို ဘေးကနေ ပြောပြနေသည့် လင်းယွဲ ကြောင်အသွားသည်…

မျက်နှာကို အလွန်ကြောက်လန့်နေသည့်ပုံဟန်ဆောင်လိုက်ပြီး

“လင်းယွဲ့…အမှန်တော့လေ..ငါက ဝိညဉ်တွေကို မြင်နိုင်တယ်…
သူ…နန်ချင်းရီက ငါ့ကို ရန်ပြုချင်နေတာလေ…ငါ့ဆီလာလောက်လားဟင်...
လူတွေက ရုတ်တရက်သေသွားရင် သူတို့မကျေနပ်တဲ့လူတွေဆီကို ဝိညဉ်တွေက သွားတတ်တယ်တဲ့
ငါ...ငါသူ့ကို မကြည့်ရဲဘူး…..”

“နင်ငါ့ကိုနောက်နေတာလား...
ဒါနောက်စရာမဟုတ်ဘူးနော်....”

လင်းယွဲ့က မယုံသလိုပြောလာတာကြောင့် မိုင်လေးမျက်မှန်ကိုချွတ်လိုက်ပြီး

Forever More  ( ထာဝရထက်ပို၍ )Where stories live. Discover now