8.13

1.2K 149 14
                                    

Unicode

“ဖြန်း..”

မိုင်လေး အလိုလိုသိစိတ်ကြောင့် လန့်နိုးလာခဲ့ပြီး သူမကိုထိခတ်လာသည့် တစ်စုံတစ်ရာကို တားဆီးလိုက်သည်။

“ကိုယ်ပါ..” ထန်ချင်း တိုးညှင်းစွာ ပြောလိုက်သည်။

သူမရဲ့ပါးပြင်ကို ထိကိုင်ချင်ခဲ့ရုံပါ။ ရုတ်တရက်ကြီး လန့်နိုးလာလိမ့်မယ်လို့ မထင်ထားခဲ့ဘူး။ သူ့ရဲ့လက်ကိုဖမ်းကိုင်ထားတဲ့သူမက ထိပ်တန်းစစ်သည်တစ်ယောက်ကဲ့သို့ပင်။ တုံ့ပြန်မှုက ထို့ထက်တောင် သာလွန်နေသေးသည်။

“ဦးရီးတော် သတိရလာပြီလား..”

မိုင်လေး လက်လွှတ်ပေးလိုက်ပြီး လူချင်းဝေးအောင် ရှောင်ထွက်လိုက်သည်။ ခံစားချက်နောက် လိုက်လို့မရတဲ့အခြေအနေမှာ ဘာတတ်နိုင်ဦးမှာလဲ.. Space ထဲပြန်ရောက်မှ System ကို အမြစ်ဖြုတ်ပစ်မယ်.. အခုတော့ သည်းခံ.. သည်းခံထားဦး Maikoa..

“ကိုယ့်ကို ကယ်ခဲ့ပေးတာ ကျေးဇူးပါ..”

“ကျွန်မ လုပ်သင့်တာပါ..”

“မင်းဘာလို့ သူ့ကိုရွေးချယ်ခဲ့တာလဲ?”

မိုင်လေး ပြန်မဖြေခဲ့။ ထန်ချင်းကိုကျောခိုင်းထားရင်း သူ,မမြင်အောင် သက်ပြင်းချလိုက်သည်။

“သူကို တကယ်သဘောကျလား? ဒါမှမဟုတ် သူက ဘုရင်ဖြစ်နေလို့လား? ကိုယ့်ကို မုန်းလို့လား?
မင်းသာ ကိုယ့်ကိုရွေးချယ်မယ်ဆိုရင် မင်းဖြစ်ချင်တာအကုန် ကိုယ်,ဖြည့်ဆည်းပေးနိုင်တယ်..”

ထန်ချင်း သူမ,ပြန်မဖြေပေမယ့် ဆက်ပြောနေခဲ့မိတယ်.. သူသိပါတယ်.. သူမက စည်းစိမ်မက်တဲ့လူ မဟုတ်ဘူး.. ဒါပေမဲ့ နည်းနည်းလေးဖြစ်ဖြစ် မျှော်လင့်နေမိဆဲပဲ.. ပြီးတော့ သူ့ရဲ့အလိုလိုသိစိတ်အရ သူမမှာ လျှို့ဝှက်ချက်အကြီးကြီးတစ်ခု ရှိနေတယ်ဆိုတာ ခံစားမိနေခဲ့တယ်.. အဲ့အရာက သူတို့နှစ်ယောက်ကြားမှာ စည်းတားထားတာ ဖြစ်နိုင်တယ်..

“သူ,မရှိရင် ကျွန်မ,သေလိမ့်မယ်.. အဲ့တာကြောင့်..” ကျွန်မတို့နှစ်ယောက်စလုံး တကယ်သေရလိမ့်မယ်.. ကိုကို

အတော်ကြာတော့မှ မိုင်လေး အသံမတုန်အောင်ထိန်းပြီး ပြန်ဖြေလိုက်သည်။ ကျောခိုင်းထားရာမှ ထန်ချင်းဘက် မျက်နှာချင်းဆိုင်လှည့်လိုက်ပြီး..

Forever More  ( ထာဝရထက်ပို၍ )Where stories live. Discover now