10.13

1K 113 4
                                    

Unicode

မိုးပြာရောင်ဂါဝန်လေးဖြင့် လှပကျော့ရှင်းနေသည့် မိန်းမငယ်လေးတစ်ယောက်ဟာ မှန်တင်ခုံရှေ့၌ ဝိဉာဉ်မဲ့နေသူလို ထိုင်နေခဲ့လေ၏။

“သူငါ့ကို အဆက်အသွယ်မလုပ်ခဲ့ဘူး..”

တိုးညှင်းသည့် စကားသံက အသက်မဲ့စွာ ထွက်ပေါ်လာခဲ့သည်။

“အဲ့တာနဲ့ပဲ ဒီလိုပုံစံဖြစ်နေရလား.. မိုင်လေးရဲ့..? မျက်လုံးကိုလည်း ကြည့်ဦး.. ငိုထားတာ အစ်မို့နေတာပဲ.. စေ့စပ်ပွဲနေ့မှာ လှနေမှဖြစ်မယ်လေ..”

“စေ့စပ်ပွဲကိုရော သူရောက်လာပါ့မလားဟင်..?”

ပြောရင်းဆိုရင်း မျက်ရည်ဝဲလာပြန်သည့် သူ့ရဲ့သခင်မကြောင့် Coal လေးလည်း သူမ၏ကျော်ပြင်ကို ခပ်ဖွဖွပုတ်ကာ နှစ်သိမ့်ပေးလိုက်သည်။

ထိုနေ့၊ သေနတ်ပစ်ခံရတဲ့ နေ့ကတည်းက စုန့်ကျင်းဟိုင်ဆိုတဲ့လူက သူ့ရဲ့သခင်မကို ရှောင်နေခဲ့တယ်။ အဆက်အသွယ်မလုပ်သလို မိုင်လေးဆီကိုလည်း တစ်ခေါက်လေးတောင် ရောက်မလာခဲ့ဘူး။ သူရဲ့သခင်မကလည်း ညတိုင်းနီးပါး ငိုနေတော့တာပဲ။

ဘယ်လိုအခက်အခဲမျိုးနဲ့ ကြုံတွေ့ခဲ့ပါစေ စိတ်ဓာတ်ကြံ့ခိုင်တဲ့ သူ့ရဲ့သခင်မ၊ ဘာမှမသိတဲ့ ကလေးမလေးအဖြစ်ကနေ ၉ ကမ္ဘာတိုင်တိုင် အခက်အခဲတွေကို ကျော်ဖြတ်လာခဲ့တဲ့ သူ့ရဲ့သခင်မ၊ ဒီလိုသန်မာတဲ့ မိန်းကလေးက အခုလောက်အထိ ဝမ်းနည်းတကြီး ငိုကြွေးနေတာကို ပထမဆုံးအကြိမ် တွေ့ဖူးခြင်းပင်။

“ကျွန်တော်ပြောသားပဲ၊ မိုင်လေးရဲ့ လက်ရှိစွမ်းအားနဲ့သာဆို မူလကမ္ဘာပြန်လို့ရနေပြီ.. မျှော်စင်က လူကြီးတွေလည်း မိုင်လေးကို ယှဉ်နိုင်တာမှမဟုတ်တာ.. ဘာလို့ ဒီဝိဉာဉ်အပိုင်းအစကို ကပ်တွယ်နေသေးတာလဲ..?”

“သူ့အတွက် ဒီ System ကြီးထဲကို ရောက်လာခဲ့တာလေ.. ငါတစ်ယောက်တည်း ထွက်မသွားနိုင်ဘူး..!”

သူ့အတွက်စတင်ခဲ့တဲ့ ဒီခရီးကြမ်းကို သူ,မပါပဲ အဆုံးသတ်လိုက်ရင် ဘာအဓိပ္ပါယ်ရှိတော့မှာလဲ..?

Coal လေးက သက်ပြင်းချလိုက်ပြီး..

“မိုင်လေး.. လူတွေရဲ့ဖွဲ့စည်းပုံကို သိတယ်မလား..? ဘယ်လောက်ပဲ ဖြူစင်ရိုးသားတဲ့လူ ဖြစ်နေပါစေ၊ လူမှန်ရင် မကောင်းတဲ့စိတ် အနည်းငယ်တော့ ရှိနေမှာပဲ၊ တစ်ကိုယ်ကောင်းဆန်ခြင်း၊ ပိုင်ဆိုင်လိုစိတ်ကြီးခြင်း၊ ရက်စက်ကြမ်းကြုတ်ခြင်း၊ မကောင်းမှုမှာ ပျော်မွေ့ခြင်း၊ စသည်ဖြင့်ပေါ့.. မိုင်လေး သတိထားမိလား..? အရင်ကမ္ဘာတွေတုန်းက မိုင်လေးချစ်သူရဲ့ စိတ်နေသဘောထားကိုလေ..”

Forever More  ( ထာဝရထက်ပို၍ )Where stories live. Discover now