10.8

1K 124 5
                                    

Unicode

အရာရှိနှစ်ယောက်လုံး ကျောမတ်သွားသလို စုန့်ကျင်းဟိုင်ခမျာလည်း စက္ကန့်အနည်းငယ်မျှ ကြောင်အ,သွားရသည်။

ကိုကို..? ဘယ်သူ့ကို ခေါ်လိုက်တာလဲ..?

အသံပိုင်ရှင် မိန်းကလေးကတော့ အိမ်အပေါ်ထပ်မှ ပေါ့ပါးသွက်လက်စွာ ပြေးဆင်းလာလေရဲ့။ ခရမ်းဖျော့ရောင် ဂါဝန်ခပ်ဝဲဝဲလေးက သူမရဲ့အသားအရည်နှင့် လိုက်ဖက်ညီစွာ၊ ထို့အပြင် နီရဲနေသည့်ပါးမို့မို့လေးနှင့် ကပိုကယိုချထားသည့် ဆံနွယ်လေးတွေက မိန်းမပျိုလေးတစ်ဦးရဲ့ အိပ်ယာနိုးကစ အလှတရားကို လှစ်ဟပြနေသလိုပင်။

သို့သော်ငြား သူမရဲ့လည်ပင်းထက်မှ အနီရောင်အကွက်တချို့ကြောင့် အရာရှိနှစ်ယောက်ခမျာ မျက်နှာပူသွားရသလို အကြည့်လွှဲလိုက်ကြပြီး ဘာမှမရှိသည့်စားပွဲကိုသာ စိုက်ကြည့်နေတော့သည်။ သူတို့နှင့်ဆန့်ကျင်စွာ စုန့်ကျင်းဟိုင်သည်ကား နားမလည်နိုင်သည့် မျက်နှာအမူအယာမျိုးဖြင့် မျက်လုံးကိုမှေးစင်းလိုက်မိချေ၏။

မိုင်လေးက ထိုအခါမှ သတိပြုမိသွားသကဲ့သို့ လည်ပင်းကို ဆံပင်ရှည်ဖြင့်ဖုံးလိုက်ပြီး စုန့်ကျင်းဟိုင်အနားမှာ ဝင်ထိုင်လိုက်လေသည်။ သူမရဲ့စိတ်ထဲက လျှို့ဝှက်သောအပြုံးကိုတော့ မည်သူမျှသတိမထားမိလိုက်ပါချေ။

အမှန်တော့ ဒီအရာရှိနှစ်ယောက်က မြို့တော် M မှာ ရာထူးသိပ်မသေးလှဘူး။ သူတို့ကိုယ်တိုင် ဒီကိုရောက်လာရတဲ့ အကြောင်းအရင်းက စုန့်မိသားစုကို လွယ်လွယ်ကူကူနဲ့ စွပ်စွဲလို့မရလို့ပဲ။ အခုတော့ သံသယတရားခံက သူတို့ရှေ့ကို ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာခဲ့ချေပြီ။ သို့သော်ငြား စုန့်မိသားစုရဲ့ဆက်ခံသူ သခင်လေးနှင့် တစ်ခုခုပက်သက်နေသည့်ဟန်ကြောင့် နောက်တွန့်သွားရသည်။

ထိုမိန်းကလေးရဲ့နောက်ခံကလည်း မိသားစုကြီးတစ်ခု ဖြစ်နေပြန်တော့ ကိုင်တွယ်ရခက်ချေဦးမည်။

မိုင်လေးက အူကြောင်ကြောင်မျက်နှာထားလေးဖြင့် လူသုံးယောက်ကို တစ်လှည့်စီကြည့်လိုက်ပြီး သူမရဲ့အကြည့်က စုန့်ကျင်းဟိုင်ရဲ့မျက်နှာပေါ်၌ ရပ်တန့်သွားတော့သည်။ ထို့နောက် စိုးရိမ်ထိတ်လန့်နေသည့် မျက်နှာလေးဖြင့်..

Forever More  ( ထာဝရထက်ပို၍ )Where stories live. Discover now