Synopsis

32.6K 1.4K 95
                                    


Unicode.

စိတ်ကူးယဥ်ဝတ္တုတိုင်းတွင်shouဇာတ်ကောင်အားနှစ်သက်သဘောကျသည့်အရန်ဇာတ်ပို့Gongဆိုတာပါစမြဲ။Shouလေးကိုဇာတ်လိုက်Gongကအနိုင်ကျင့်တဲ့အချိန်တိုင်းထိုနေရာတွင်ရှိနေပြီးကာကွယ်ပေးရန်၊Shouလေးကိုဇာတ်လိုက်Gongကချောင်ထိုးထားတဲ့အချိန်အချစ်တွေဝေမျှပေးရန်၊Shouလေးကိုဇာတ်လိုက်Gongကသစ္စာဖောက်တဲ့အချိန်တရားမျှတမှုအတွက်တိုက်ခိုက်ပေးရန်.....

ဇာတ်လိုက်Gongနှင့်ဇာတ်လိုက်Shouကြားကရိုမန့်တစ်ဆန်ဆန်အချစ်ကြားမှာသူဟာဓာတ်ကူပစ္စည်းတစ်ခုလို၊သူ၏အမြင်၊ခံစားချက်အားလုံးကိုShouအပေါ်တွင်သာမြှုပ်နှံထားပြီးအချည်းအနှီးအားထုတ်မှုသာဖြစ်နေသော်လည်းနောင်တရခြင်းမရှိ။

လင်းကျစ်ရန်၏တာဝန်ကကမ္ဘာအသီးသီးတွင်ကြင်နာတတ်သောဇာတ်ပို့Gongနေရာမှပါဝင်ပေးရန်ပင်။သို့သော်သူထိုနေရာသို့ရောက်သွားသည်နှင့်ကမ္ဘာတစ်ခုချင်းစီ၏ဇာတ်အိမ်မှာပုံမှန်မဟုတ်ဘဲပြောင်းလဲသွားတာကိုရှာတွေ့ခဲ့သည်။

လင်းကျစ်ရန်: ကိုယ်မင်းကိုစတွေ့ကတည်းကဘာကိုမှဂရုမစိုက်နိုင်လောက်အောင်အရမ်းချစ်မိသွားခဲ့တာပါ။ဒါပေမယ့်မင်းဘာလို့ကိုယ့်ကိုတစ်ချက်လေးတောင်ပြန်မကြည့်ရတာလဲ။

ဇာတ်လိုက်Shou: တကယ်တော့ ငါလည်းမင်းကိုချစ်နေတယ်ဆိုတာနားလည်လိုက်ရပြီ၊ငါတို့အတူနေကြစို့။

လင်းကျစ်ရန်: မဖြစ်ဘူး။

ဇာတ်လိုက်Shou: ဒါဆိုမင်းငါ့ကိုချစ်တယ်လို့ပြောခဲ့တာတွေအားလုံးကအလိမ်အညာတွေပေါ့။

နံရံတွင်ဖိကပ်ခံထားရပြီးဇာတ်လိုက်အနမ်းခံနေရသောလင်ကျစ်ရန်???

လင်းကျစ်ရန်: သူကကြင်နာတတ်ပြီးမင်းကိုအရမ်းသဘောကျတာ၊ဘာလို့သူ့ကိုနာကျင်အောင်လုပ်ရက်တာလဲ၊အဲ့ကိစ္စအတွက်ငါမင်းနဲ့စာရင်းရှင်းမယ်!

ဇာတ်လိုက်Gong: ဒါဆိုမင်းသူ့ကိုအဲ့ဒီလောက်တောင်ချစ်တာလား?

လင်းကျစ်ရန်: ဟုတ်တယ်!

ဇာတ်လိုက်Gong: သူကမင်းအချစ်နဲ့ဘယ်နေရာများတန်လို့လဲ?ငါ့မျက်လုံးထဲမှာတော့သူကမင်းထက်အဆတစ်သန်းလောက်ပိုပြီးနိမ့်ကျတယ်။

ဒီတစ်ခါလည်းဇာတ်လမ်းသွေဖည်သွားပြန်ပြီလား?(MyanmarTranslation)Where stories live. Discover now