အပိုင်း(၂၁.၃)

4.6K 739 8
                                    

Unicode.

ဒါနဲ့...လိုက်ဖမ်းသည့်အထဲမှ ဝတ်ကောင်းစားလှဝတ်ထားသောလူငယ်လေးက သူ့ကို သူခိုးဟုခေါ်ခဲ့သည် ။ သူက ပေါက်စီ ခိုးခဲ့လို့လား ။ ဒီ မာတောင့်နေသောပေါက်စီက ဘယ်လောက်မှအဖိုးမတန်သော်လည်း ထိုကောင်စုတ်လေးကတော့ သူခိုးကို ကြိုးစားပမ်းစားလိုက်ဖမ်းနေခဲ့သည် ။ ဘယ်လောက်တောင်မှ သူ့ကိုမုန်းတီးနေလို့လဲ ။

လင်းကျစ်ရန်သည် ဇာတ်ညွှန်းနှင့်ဇာတ်ကောင်စာရင်းကိုဖွင့်ကြည့်လိုက်သော် သံသရဖြစ်ဖွယ်လူကိုချက်ချင်းတွေ့လိုက်သည် ။ တတိယမူအိမ်တော်၏ အကြီးဆုံးသားသည် ပထမဆုံးအခန်းတွင်အမြှောက်စာဖြစ်သည် ။ သူကလီယဲ့ကိုအနိုင်ကျင့်ဖို့သက်သက်နှင့်ဒီဇာတ်လမ်းတွင်ပါလာခြင်းပင် ။

မူယန်၏ဝမ်းကွဲတစ်ယောက်ဖြစ်သော်လည်းသူ့မှာ မူယန်၏အရည်အချင်း တစ်ရာခိုင်နှုန်းပင်မရှိ ။ နေ့တိုင်းအပျော်အပါးလိုက်စားပြီးလောင်းကစားလုပ်ဖို့နှင့် လီယဲ့ကိုအနိုင်ကျင့်ဖို့လောက်သာသိသည် ။ လီယဲ့သည် မိစ္ဆာဖြစ်လာခဲ့ပြီးနောက် သူ့ကိုရက်ရက်စက်စက်သတ်ပစ်ခဲ့ပေမယ့် ၊ အခုချိန်တွင်တော့ ထိုအမြှောက်စာက လီယဲ့၏နံပါတ်တစ်ရန်သူဖြစ်ပြီးသတိထားရန်လိုပေသည် ။ ထိုသူမှာ ဒီနေ့သူ့ကိုလိုက်ဖမ်းသည့်လူ ဖြစ်နိုင်ချေများသည် ။

လင်းကျစ်ရန်သည် ​ဒေါသတကြီးဖြင့် နှဖူးကိုပွတ်လိုက်သည် ။ မိုးက နည်းနည်းတောင်စဲမသွားဘဲအဆက်မပျက်ရွာသွန်းနေရာ သူ ဂိမ်းကိုစောဒကတက်ချင်လာသည် ။ ဗိုက်ကလည်းသည်းမခံနိုင်လောက်အောင်ဆာလာသောကြောင့် ထိုပေါက်စီလုံးများထံသို့ အကြည့်ရောက်သွားပြီး။ ထားပါ...ဗိုက်ဖြည့်ဖို့ကအဓိကပဲ ။

သို့သော် ပေါက်စီကိုရေထဲတွင်အကြာကြီးစိမ်ထားသောကြောင့် အရသာကအန်ချင်စရာကောင်းသည် ။ လင်းကျစ်ရန်သည်နောက်တစ်လုံးထပ်မစားနိုင်တော့ ။ သူ့ကိုယ်သူဒီလောက် နှိက်စက်လို့မဖြစ်ဘူး ။ သူဟာ အရမ်းကိုဒေါသထွက်လွန်းသောကြောင့်ကျန်ပေါက်စီနှစ်လုံးကို လွှင့်ပစ်ရန်ပြင်လိုက်စဥ် ဘေးရှိအသံတိတ်အလောင်းကို ကြည့်လိုက်မိသည် ။

ဒီတစ်ခါလည်းဇာတ်လမ်းသွေဖည်သွားပြန်ပြီလား?(MyanmarTranslation)Место, где живут истории. Откройте их для себя