အပိုင်း(၂၇.၁)

3.9K 733 18
                                    

Unicode.

လူအုပ်ကြီးကြားတွင် လင်းကျစ်ရန်တစ်ယောက် အတွန်းခံလိုက်ရအတိုက်ခံလိုက်ရဖြင့် ကြားညှပ်လို့နေတော့သည် ။ ဒါက အိုင်ဒေါတွေကိုအပြိုင်အဆိုင်အားပေးကြသည့် မြင်ကွင်းလိုမျိုးပင် ။ စိတ်ကြီးဝင်နေသည့် လူအုပ်ကြီးမှာ သူတို့သဘောကျသည့်အိုင်ဒေါနှင့် ပရိတ်သတ်အုပ်စု ကိုယ်စီရှိကြသည် ။ ပရိတ်သတ်တွေတွေးကြတာက သူတို့ရဲ့အိုင်ဒေါကသာ အတော်ဆုံးဟု ။ ဒါပေမယ့်သူတို့မသိကြတာက အဲ့ဒီအမြှောက်စာNPC တွေအကုန်ပေါင်းလိုက်ရင်တောင် သူ့ရဲ့နတ်မိမယ်လေးမူယန်ရဲ့ လက်ချောင်းတစ်ချောင်းစာလောက်တောင် အစွမ်းရှိမှာမဟုတ်ဘူး ။

လင်းကျစ်ရန်သည် ဂုဏ်ယူမှုအပြည့်နှင့် ။ တကယ်လို့ မူယန်မှာ ပရိတ်သတ်တစ်ယောက်ပဲရှိတယ်ဆိုရင်တောင် လင်းကျစ်ရန်ကသူ့အတွက် အလံလွှင့်ပြီး အားပေးမည် ။ ဒါက အမှန်တရားပဲ ။

လင်းကျစ်ရန်သည် လက်ခုပ်နှစ်ဖက်ကို ပါးစပ်နားသို့ ကပ်ပြီးရဲရဲတောက်မျက်ဝန်းများဖြင့်အရှေ့သို့ကြည့်ကာ အော်ဟစ်လိုက်ပြန်၏ ။ " မူယန်က အတော်ဆုံး..မူယန်က ကမ္ဘာပေါ်မှာ နံပါတ်တစ်ပဲ! "

ပတ်ပတ်လည်ရှိလူများမှာ သူက အလွန်အမင်း ကျယ်လောင်စွာအော်ဟစ်လိုက်သောကြောင့် လန့်ဖြန့်ကုန်ကြပြီးနောက် သူတို့လည်းအားကြမခံ အော်ဟစ်ကြလေသည် ။ မူအိမ်တော်က မိုင်ရာချီဝေးတဲ့ စုန်ကျိုးမြို့ငယ်လေးကနေလာပြိုင်တာ ။ သူတို့ လူအုပ်ကြီးက ဖုန်းဟယ်မြို့ခံတွေ ပင်။ ဘယ်လိုလုပ်ပြီး အပြင်လူတစ်ယောက်ကို အရှုံးပေးနိုင်ရမှာလဲ ။

ဘေးနှစ်ဖက်က အားပေးသံများမှာ ပို၍ကျယ်လောင်လာသည် ။ ​စင်မြင့်ထက်ရှိပြိုင်ပွဲက မစရသေးသော်ငြား ပွဲကြည့်ပရိတ်သတ်၏ အားပေးမှုများက မြင့်တက်လာလေသည်။

လင်းကျစ်ရန်သည် အားကြိုးမာန်တက်အော်ဟစ်သော်လည်း လူအုပ်ကြီးကိုမယှဥ်နိုင်သဖြင့် သူ့အသံမှာတဖြည်းဖြည်း ဖုံးလွှမ်းခံလိုက်ရကာ စိတ်ပျက်အားလျော့သွားတော့သည် ။ ထိုစဥ်မှာပင် မူယန်က ရုတ်တရက်ခေါင်းလှည့်လာပြီး လင်းကျစ်ရန်ကို စိုက်ကြည့်လာသည် ။ မူယန်က သူ့အသံကိုကြားရတာလား ။ လင်းကျစ်ရန်က သူ့ကို အားပေးသောအကြည့်ဖြင့် တည်ကြည်စွာကြည့်လိုက်သည် ။

ဒီတစ်ခါလည်းဇာတ်လမ်းသွေဖည်သွားပြန်ပြီလား?(MyanmarTranslation)Where stories live. Discover now