အပိုင်း(၂၇.၂)

3.9K 707 7
                                    

Unicode.

ကျိုးယွဲ့သည် သတိပြန်ဝင်လာခဲ့ပြီးနောက် စိတ်လှုပ်ရှားသွားလေသည်။ ဖုန်းဟယ်မြို့က အတော်လေးဆိုးသည်ဟု သူအစကတွေးခဲ့မိ၏။ စစ်မှန်တဲ့ပါရမီရှင် တစ်ယောက်မှရှိလိမ့်မည်မဟုတ်။ သို့သော် မမျှော်လင့်ဘဲ အဖိုးတန်ရတနာတစ်ပါးကို သူရှာတွေ့ခဲ့သည်။မူယန်ကိုသာသူနဲ့အတူခေါ်သွားနိုင်ရင် ဘယ်လောက်တောင်ကောင်းလိမ့်မလဲ။ နှစ်ရာချီလောက်အထိ သူမျက်နှာပွင့်နိုင်မှာအသေအချာပင်။  တကယ်လို့ မူယန်ကသာ သူ့တပည့်ဖြစ်ဖို့သဘောတူလိုက်ပါလျှင် ဒါက အရမ်းကိုဂုဏ်ယူစရာကောင်းသောအရာတစ်ခုပါပေ။

ကျိုးယွဲ့ကဒီအကြောင်းကိုတွေးရင်း စိတ်လှုပ်ရှားစွာဖြင့်အရှေ့သို့လျှောက်လာကာ မူယန်၏လက်အားဆွဲကိုင်လိုက်ပြီး စကားပင်တည်ငြိမ်စွာမဆိုနိုင်တော့။ " လူငယ်လေး..မင်းရဲ့နာမည်က ဘာလဲ "

စင်ကြယ်သောနန်းတော်မှအကြီးအကဲ၏ အလွန်အမင်းစိတ်အားထက်သန်နေသောအမူအရာကြောင့် မူယန်သည် အနည်းငယ်မသက်မသာဖြစ်နေလေပြီး ရှက်ရွံ့နေလေ၏။ " ကျွန်တော့်ရဲ့မျိုးရိုးကမူ..နာမည်အပြည့်အစုံက မူယန်ပါ..စုန့်ကျိုးမြို့ဇာတိပါ "

အိုး။ မြို့ပေါင်းကိုးဆယ်ကိုးမြို့နယ်အနက်အောက်ဆုံးမှာရှိတဲ့စုန်ကျိုးမြို့ငယ်လေးမှာ ဒီလိုရတနာတစ်ပါးပေါ်ထွက်လာလိမ့်မယ်လို့သူလုံးဝမထင်ထားခဲ့​ချေ။ကျိုးယွဲ့က စိတ်အားထက်သန်စွာပင် ဆက်ပြီးပြောလာချေ၏။ " လူလေးကိုရွေးချယ်လိုက်ပြီ..ဒီလူအိုကြီးနဲ့အတူ စင်ကြယ်သောနန်းတော်ဆီလိုက်ခဲ့တော့ "

သူက ပြောရင်းဆိုရင်းဖြင့် မူယန့်ကို ခေါ်သွားဖို့ မစောင့်နိုင်တော့ပေ။ သူ့အနောက်တွင်ရပ်နေတဲ့ဂိုဏ်းသားတပည့်လေးက ဒါကိုမြင်တော့ ဝတ်ရုံစကိုအသာဆွဲလိုက်ပြီး အသံတိုးတိုးဖြင့်သတိပေးလေသည်။ " ဆရာ..စမ်းသပ်ဖို့ကျန်နေတဲ့လူတွေရှိသေးတယ်လေ "

အခြားလူများကျန်ရှိနေသေးတာကို ရုတ်တရက်သတိရသွားပြီး ကျိုးယွဲ့မှာစိတ်ပျက်သွားတော့သည်။ ထို့နောက်ခေါင်းငြိမ့်လိုက်ပြီး ချောင်းဖွဖွ ဆိုးလိုက်ကာ။ " အော်..ဟုတ်သားပဲ..လူရွေးပွဲကို ပြန်စမယ် "

ဒီတစ်ခါလည်းဇာတ်လမ်းသွေဖည်သွားပြန်ပြီလား?(MyanmarTranslation)Where stories live. Discover now