အပိုင်း(၃၃.၂)

1.6K 230 0
                                    


Unicode.

မူယန်ဟာ ပေါင့်ကျန်းတောင်ထွတ်သို့ အလောတကြီးရောက်လာခဲ့ပြီး စည်းကမ်းကြပ်မတ်ရေးနန်းဆောင်ရှေ့တွင် ကျိုးယွဲ့ကိုတားလိုက်သည်။ ကျိုးယွဲ့က ရယ်မောကာ နှာခေါင်းကိုပွတ်လိုက်ပြီး။ " အော်.. မူယန်..ဘာလို့ ဒီလူအိုကြီးကိုလာရှာတာလဲ။ "

မူယန်ကမျက်နှာမသာမယာနှင့် ဆို​၏။ " အကြီးအကဲ သိပြီးပြီမလား။ "

ကျိုးယွဲ့က အခက်တွေ့သွားပုံရပြီး သူ​၏ ပြည့်ပြည့်ဖောင်းဖောင်းနှင့် မျက်နှာက ရှုံ့မဲ့သွားကာ လက်နှစ်ဖက်ကို ပွတ်လိုက်လျက် ဆို​၏။ " အိုက်ရား! ငါလည်း မင်းကိုမကူညီနိုင်ဘူး။ လီယဲ့က အကြီးအကဲချီ လက်ထဲကို ရောက်သွားတာ။ အကြီးအကဲချီက ငါတို့ ပေါင့်ကျန်းတောင်ကို အမြင်ကြည်တာမဟုတ်ဘူး။ အခုကိစ္စကိုလည်း သူက လက်ပူးလက်ကျပ် မိထားတာ။ ပေါင့်ကျန်းတောင်ထွတ်ကမိစ္ဆာတွေကို ဝှက်ထားတဲ့နေရာလို့တောင် ပြောလိုက်သေးတယ်။ ဘယ်လိုတောင် အဓိပ္ပါယ်မရှိတဲ့ သွားပုတ်လေလွင့်စကားလဲ! တကယ်လို့ မင်းသာငါ့ကို မတော်တဆ ဆွဲထည့်မိရင် ငါ့ကိုယ်ငါတောင် ကယ်နိုင်မှာမဟုတ်ဘူး။ မိစ္ဆာကျင့်ကြံသူတွေကို ဂိုဏ်းစည်းကမ်းအရဆို ချက်ချင်းသုတ်သင်ပစ်သင့်ပေမယ့်...သူက မင်းကို ကယ်ခဲ့လို့ အကြီးအကဲကြီးကိုမေးပြီး ဆုံးဖြတ်ပေးဖို့ ရေခဲအကျဉ်းထောင်ထဲမှာ ယာယီချုပ်ထားတယ်။ ငါ..ငါတကယ် မင်းကိုမကူညီနိုင်ဘူး။ "

မူယန်​က နှုတ်ခမ်းကို တင်းတင်းစေ့ထားလျက် သူ့မျက်နှာက ဒေါသကြောင့် ခက်ထန်နေသည်။ " လီယဲ့က မကောင်းတဲ့လူ မဟုတ်ဘူး။ တကယ်လို့ သူက မစ္ဆာကျင့်ကြံသူဖြစ်နေခဲ့ရင်တောင် ကျွန်တော်တို့ကို ကူညီခဲ့တယ်။ သူ့စွမ်းရည်ကို ထုတ်ဖော်ပြီး ကျွန်တော်တို့ကို ကယ်တင်ပေးခဲ့တာ။ သူ မတရားခံရမှာ ကျွန်တော်မကြည့်နိုင်ဘူး။ "

ကျိုးယွဲ့က လက်ကို အောက်ချလိုက်ပြီး မတတ်နိုင်သောအမူအရာဖြင့်။ " ငါမင်းကို တကယ် ယုံပါတယ်။ ဒါပေမယ့် ငါယုံလို့လည်း ဘာမှအသုံးမဝင်ဘူးလေ။ စည်းကမ်းကြပ်မတ်ရေးနန်းဆောင်ရဲ့ အကြီးအကဲတစ်ယောက် အနေနဲ့ ဒီကိစ္စကငါ့အပေါ်မှာလည်း သက်ရောက်မှုရှိတယ်။ ငါ့ကိုစောင့်ကြည့်နေတဲ့ မျက်လုံးတွေအများကြီးပဲ။ ငါဘာမှလုပ်လို့မရဘူး။ စိတ်မပူပါနဲ့။ လီယဲ့က မကောင်းတာ တစ်ခုမှ မလုပ်ခဲ့ဘူးဆိုတော့ အကြီးအကဲကြီးက ညှာတာမှာပါ။ "

ဒီတစ်ခါလည်းဇာတ်လမ်းသွေဖည်သွားပြန်ပြီလား?(MyanmarTranslation)Where stories live. Discover now