အပိုင်း(၉.၁)

6.2K 995 19
                                    

Unicode.

ဝမ်းယွီမှာ ရုတ်တရတ်ပင် တွန်းထုတ် ခံလိုက်ရပါသောကြောင့် အံ့သြကာ မှင်သက်နေမိလေသည်။အကြောင်းအရင်းကို မေးရန် ပြင်လိုက်စဉ်မှာပင် လင်းကျစ်ရန်၏ ဒေါသနှင့်အတူ စိတ်ပျက်မှု၊ဝမ်းနည်းမှု တို့နှင့်ပါ ရင်ဆိုင်လိုက်ရကာ ဓာတ်ပုံအထပ်လိုက်ဖြင့် ပစ်ပေါက်ခံလိုက်ရသည်ပင်။

သူက ခေါင်းငုံ့ပြီး ကြည့်လိုက်ပါသော် သူ၏ မျက်နှာမှာ အလွန်ပင် ပျက်ယွင်းသွားရလေ၏။ လင်းကျစ်ရန်သည်ကား မတ်တပ်ရပ်လျက် ဝမ်းယွီကို နာကျင်စွာ ကြည့်ကာ ပြောလာသည်။

" မင်းကိုယ့်ကို ရှင်းပြသင့်တယ်လို့ မထင်ဘူးလား "

' သက်သေက အရမ်းကို ခိုင်မာနေပြီ..မင်းတို့ အနမ်းပေး နေတဲ့ ပုံတွေက ဒီမှာရောက်နေပြီ..မင်းဘယ်လိုငြင်းမလဲ ကြည့်ကြသေးတာပေါ့..'

လင်းကျစ်ရန်မှာ တမင်သက်သက်ပင် ယခုအမူအရာကို လုပ်ယူထားလေပြီး နောက်ဆုံးပိတ်အနေဖြင့် ဝမ်းယွီဘက်မှ လမ်းခွဲစကားပြောလာမည့်အချိန်ကို စောင့်နေလိုက်သည်။

' ဒီနေ့တော့မင်း..ငါနဲ့လုဆွေ့ကို...နှစ်ယောက်ထဲက တစ်ယောက် ရွေးကိုရွေးရတော့မယ် '

ဝမ်းယွီမှာ အစပိုင်းတွင်တော့ တကယ့်ကို အံ့သြသွားခဲ့ပြီးနောက် လျင်မြန်စွာပင် သူ၏ အမူအရာအားထိန်းလိုက်နိုင်ပြီး တည်ငြိမ်သွားသည်ပင်။ သူက အောက်သို့ငုံ့ကာ ဓာတ်ပုံများကိုနှေးကွေးစွာကောက်ယူလိုက်ပြီး တစ်ပုံချင်းစီကို သေချာလေး ကြည့်ကာ လင်းကျစ်ရန်အား ပြောလာပါ၏။

" ကျွန်တော့်နောက်ကို တစ်ယောက်ယောက် နောက်ယောင်ခံလိုက်နေတာ... "

လင်းကျစ်ရန်က အေးတိအေးစက်ပင် ပြောလိုက်ချေ၏။

" မင်းနဲ့လုဆွေ့ကဘာတွေလဲဆိုတာ..ကိုယ့်ကို အရင်ဆုံး ရှင်းပြသင့်တယ်လို့ မထင်ဘူးလား "

ဝမ်းယွီ၏ မျက်ဝန်းများက ရှင်းလင်းပြတ်သားနေလျက် လင်းကျစ်ရန်အား တည်ငြိမ်စွာ စိုက်ကြည့်လိုက်ပြီးနောက် နှေးကွေးစွာ ပြောလာလေ၏။

" ဒါက အထင်လွဲရုံသက်သက်ပဲ..ကျွန်တော် ခင်ဗျားကိုရှင်းပြ ပါ့မယ် "

ဒီတစ်ခါလည်းဇာတ်လမ်းသွေဖည်သွားပြန်ပြီလား?(MyanmarTranslation)Where stories live. Discover now