အပိုင်း(၂၅.၃)

3.8K 737 23
                                    

Unicode.

မူရန်သည် တစ်ကိုယ်လုံးတုန်ရီနေကာ အသံမှာလည်းပြာဝေလာတော့သည်။

" မင်းဘာမှလျှောက်မလုပ်နဲ့နော်..တကယ်လို့ မင်းငါ့ကိုသတ်ပစ်လိုက်ရင် ငါ့အဖေက မင်းကိုလွှတ်ပေးမှာမဟုတ်ဘူး... "

လင်းကျစ်ရန်မှာ မျက်ဝန်းနက်များဖြင့် မူရန်ကို မမှိတ်မသုန်စိုက်ကြည့်​နေသည်။ " မင်းငါ့နောက်ကိုဘယ်သူမှမသိ​အောင်တစ်ယောက်တည်းလိုက်လာတာမလား...ငါမင်းကိုသတ်ပစ်လိုက်ရင် ဘယ်သူသိနိုင်မှာလဲ "

မူရန်:…

ဒီလိုမျိုး သူအစကတွေးခဲ့သည်။ ဒါပေမယ့် အဲ့ဒီအတွေးကြောင့်ပဲ သူပြန်ပြီးဒုက္ခရောက်တော့မည်။

သူ့လက်ကောက်ဝတ်မှသွေးများ အဆက်မပြတ်စီးကျနေ၏။ မူရန်သည် တုန်ရီနေပြီး သေခြင်းတရားနှင့် နီးကပ်လာသလို သူပထမဆုံးခံစားလိုက်ရချိန်တွင်တော့ ကြောက်ရွံမှုနှင့်မျှော်လင့်ချက်မဲ့မှုတို့ကြောင့် ရှိုက်ကြီးတငင်ငိုကျွေး​လေတော့သည်။

" ဟုတ်တယ်...ငါမှားသွားပါတယ်...ကျေးဇူးပြုပြီးငါ့ကိုလွှတ်ပေးပါ... " မူရန်သည် ငိုကျွေးပြီးတောင်းပန်၏။ " မင်းလိုချင်တာဘာမဆိုငါပေးပါ့မယ်..မင်းငါ့ကိုလွှတ်ပေးရင် ငါမင်းကို ရွှေတွေအများ​ကြီးပေးမယ်...မင်းရွှေ မလိုချင်ဘူးလား... "

ငါက မကြာခင် စင်ကြယ်သောနန်းတော်ဆီသွားတော့မှာ။ ရွှေတွေက ဘာလုပ်ရမှာလဲ။ ပြီးတော့ အဲ့ဒီဒင်္ဂါးပြားတွေက မူယန့်ဆီမှာလည်း အများကြီးရှိတာကို။

လင်းကျစ်ရန်က မျက်နှာသေဖြင့်သာကြည့်နေသောကြောင့် မူရန်ဟာ ထပ်ပြီးကြိုးစားလေသည်။

" မင်းရွှေမလိုချင်ရင်..ဘာလိုချင်တာလဲ..ငါ့ကိုပြော..ငါကြိုးစားပြီး မင်းကိုရှာပေးနိုင််တယ် "

လင်းကျစ်ရန်မှာ သူ့ကိုဂရုမစိုက်ဘဲ သစ်သီးခွံဖြင့် သွေးများကိုဆက်ခံနေလိုက်သည်။

သွေးတွေက သစ်သီးခွံပန်းကန်လုံးနှင့် ပြည့်တော့မည့်အချိန်တွင် မူရန်၏မျက်နှာမှာ ဖြူဖျော့သွားကာ ပူပန်လာတော့သည်။

ဒီတစ်ခါလည်းဇာတ်လမ်းသွေဖည်သွားပြန်ပြီလား?(MyanmarTranslation)Where stories live. Discover now