အပိုင်း(၆.၂)

6.6K 1K 36
                                    

Unicode.

ဝမ်းယွီ လင်းကျစ်ရန်အား ကြင်နာစွာ စိုက်ကြည့်လိုက်ပြီး သူတို့၏ အတိတ်ကအကြောင်းအရာများကို ​ပြန်တွေးကြည့်ရင်း သူ့ဘက်မှ တာဝန်မကျေခဲ့သလို ခံစားနေရ​​သည်။ အနာဂါတ်တွင်တော့ သူဒီလူ့အပေါ် အချိန်အများကြီး ပေးချင်မိသည်။ ထိုစဥ် သူ့ဖုန်းမှာ တုန်ခါ လာ၏။

ဝမ်းယွီ လျစ်လျူရှုထား လိုက်သည်။ သို့သော် ထပ်မံ၍ နောက်တစ်ကြိမ် တုန်ခါ လာပြန်သည်။ အရေးကြီးသော messageဖြစ်လောက်မည်ဟု တွေးမိကာ ဖုန်းဖွင့်ကြည့်လိုက်ပါသော် သူ၏အမူအရာမှာ ရုတ်ခြည်း ပြောင်းလဲ သွားရသည်။

လင်းကျစ်ရန် ဝမ်းယွီကို သံသယဖြစ်စွာကြည့်လိုက် ပြီးသော် သူ၏ ပျက်ယွင်းနေသော အမူအရာကြောင့် စိတ်ပူနေဟန်ဖြင့် အလျင်အမြန်မေးလိုက် ချေ၏။

" ဘာဖြစ်လို့လဲ "

ဝမ်းယွီက ဖုန်းကို မြန်မြန်ချလိုက်ပြီး အမူအရာကိုပြန်သိမ်းကာ ပြုံးလိုက်လေ၏။

" ဘာမှမဟုတ်ပါဘူး "

ထို့နောက် ခေါင်းမော့ကာလုဆွေ့ကို ကြည့်လိုက်သည်။ လုဆွေ့မှာ ဘာမှမဖြစ်ထားသလို အေးအေးလူလူပါပင်။ ဒီအယုတ်တမာကောင်ကတော့!

လုဆွေ့ ပြုံးလိုက်ပြီး စာထပ်ရိုက်လိုက်သည်။

'ဘာလို့replyမပြန်တာလဲ...မင်း ငါ့စာကို မင်းမြင်ရဲ့သားနဲ့ မသိချင်ယောင်ဆောင်နေတော့ ငါအရမ်း စိတ်မကောင်းဖြစ်ရ တယ်ကွာ။

ငါမင်းကို တစ်ကယ်သဘောကျ တာလို့ မနေ့က ပြောခဲ့တယ်လေ...ဘာလို့မစဥ်းစားပေးတာလဲ... အာ... ငါမင်းကို စိတ်ကျေနပ်အောင် လုပ်မပေးနိုင်မှာ စိုးလို့လား... မပူပါနဲ့ ငါ့ရဲ့ bed skillက ငါ့အကိုကြီးလောက်တော့ မဆိုးသေးဘူး... ငါတို့ စမ်းကြည့်ကြမယ်လေ... တကယ်လို့ မင်းမကြိုက်ရင် ငါမင်းကို မနှောင့်ယှက်တော့ဘူး...ကတိ။

ငါတို့ မပြောသရွေ့ ငါ့အကိိုကြီး သိနိုင်မှာမဟုတ်ပါဘူး။ '

ဝမ်းယွီမှာ သည်းမခံနိုင်တော့သည့် အဆုံးတွင် စကားလုံးနှစ်လုံး ရိုက်လိုက်ချေ၏။

' ပိတ်ထား '

လုဆွေ့: မင်းက ငါ့ကို အသံတောင်ပေးမထွက် ချင်တော့ဘူးလား... ဆောတီးပဲ...ငါက ဘာမှမလုပ်ပဲ မနေနိုင်ဘူး... ဆိုတော့ မင်းဒီပါးစပ်ကို လိုက်ပြီးထိန်းချုပ်နေလို့ မရဘူး။

ဒီတစ်ခါလည်းဇာတ်လမ်းသွေဖည်သွားပြန်ပြီလား?(MyanmarTranslation)Where stories live. Discover now