အပိုင်း(၉.၂)

6.3K 970 20
                                    

Unicode.

ဝမ်းယွီ ထွက်သွားပြီးနောက် လင်းကျစ်ရန်မှာ ဆိုဖာပေါ်တွင်သာ စိတ်ပျက်လက်ပျက် ထိုင်နေစဲဖြစ်ပြီး သူ၏ သရုပ်ဆောင်အပိုင်းတွင် လိုအပ်ချက်ရှိ၊မရှိ ပြန်၍ တွေးတောနေမိချေ၏။ လုဆွေ့မှာ အလွန်ပင် ပျော့ညံ့နေပြီး ဇာတ်ကြောင်း အား တဖြည်းဖြည်းနှင့် ပို၍ ပို၍ သွေဖယ်လာစေလေသည်။

ဤကဲ့သို့ အခွင့်အရေးကောင်းတစ်ခုကို လက်ဝယ်ပိုင်ဆိုင်ထားတာတောင်မှ ဆုတ်ဖြဲပစ် မိလေ၏။ အကယ်၍ သူသာ ဝမ်းယွီနှင့် လမ်းမခွဲပါလျှင် ဇာတ်ကြောင်းက တိုးတက်လာလိမ့်မည်မဟုတ်။ လုဆွေ့နဲ့ ဝမ်းယွီက ဘယ်အချိန်မှ တွဲရမှာလဲ? လုဆွေ့ရဲ့ မယား ပြန်လိုက်တဲ့ ကဏ္ဍကရော ဘယ်အချိန်မှ ရောက်လာမှာလဲ?

ကျောက်မင်ဇယ်အနေဖြင့် သူ့အား ဓားအစုံလိုက်ကို လက်ထဲထည့်ပေးထားပြီးသား ဖြစ်ပါသော်လည်း သူကတော့ ၄င်းအား ကိုယ့်ခြေထောက်ကိုကိုယ် ခုတ်ဖြတ်ဖို့အတွက်သာ သုံးလိုက်လေ၏။ လင်းကျစ်ရန်မှာ သွားကိုက်နေသော အမူအရာဖြင့် ဆိုဖာပေါ်မှ ထလိုက်သည်။

[Systemမှာ လင်းကျစ်ရန်၏ လိပ်ပြာလွင့်သလိုဖြစ်နေသည့်အမူအရာအား မြင်ထားပြီးဖြစ်ပါ၍ ယခု၌မူ ချက်ချင်းပင် မျှော်လင့်ချက်တစ်ခုခုကို ဆုပ်ကိုင်မိသွားသော အမူရာသို့ပြောင်းလဲသွားပါသောကြောင့် စူးစမ်းလိုဟန်ဖြင့် မေးလာပါ၏: ဘယ်သွားမလို့လဲ]

[လင်းကျစ်ရန်: သူငယ်ချင်းဆီ】

သူတစ်ယောက်ထဲ မတတ်နိုင်သည်ဖြစ်ရာ ကျောက်မင်ဇယ်၏ အကူအညီကို ယူရလိမ့််မည်ပင်။ ဓာတ်ပုံပို့လိုက်သည့် ကိစ္စနှင့်စပ်လျဥ်း၍ ကျောက်မင်ဇယ်မှာ အတော်လေး အားကိုးရသည်။ သူက ဥာဏ်များရုံတင်မကဘဲ ဇာတ်ကြောင်းအား တိုးတက်အောင် လုပ်နေသည့် ဇာတ်ကောင်တစ်ခုလည်း ဖြစ်​နေချေ၏။ ဤနေ့တွင် ဖြစ်ပျက်ခဲ့သမျှအား ကျောက်မင်ဇယ်ကို အသိပေးမှရမည်၊ သို့မှသာ သူ၏အကြံမှာ မအောင်မြင်မှန်း သိသွားရာ နောက်ထပ်လှုပ်ရှားမှု တစ်ခုအား ကြံစည်လိမ့်မည်ပင် ဖြစ်ပါ၏။

အတင်းအကျပ် ဦးနှောက်ကို အလုပ်ပေးရင် နည်းလမ်းတစ်ခုခုများ စဥ်းစား မိလိမ့်မလား?

ဒီတစ်ခါလည်းဇာတ်လမ်းသွေဖည်သွားပြန်ပြီလား?(MyanmarTranslation)Where stories live. Discover now