အပိုင်း(၁၆.၂)

6K 935 36
                                    

Unicode.

F***. .ဒီဗီလိန်က သူ့အကွက်ထဲ မဝင်ရုံနဲ့ တင်ဘဲ ငါ့ကိုသတ် ၊ သေတမ်းစာအတုလုပ်ပြီး ပိုင်ဆိုင်မှုတွေကိုလက်ဝါးကြီးအုပ်ပစ်တော့မှာလား? လင်းကျစ်ရန်တစ်ယောက် ယုံမှား သံသရများစွာဖြင့်​​
ဗျာများလို့နေ၏ ။ သူက တကယ် တိုက်ခိုက်ရမည်ဆိုလျှင် ကြောက်ဒူးသာတုန်နေပြီး ဘာမှမလုပ်တတ်ပေ ။ သို့သော် သေချာအနီးကပ်ကြည့်လိုက်မှ ကျောက်မင်ဇယ်၏ အမူအရာက ထူးဆန်းနေသည် ။

ကျောက်မင်ဇယ်၏ မျက်နှာကအနည်းငယ် နီမြန်းနေပြီး မျက်ဝန်းများက ရီဝေနေသည် ။ ပြီးတော့ အရက်နံ့ကလည်း တထောင်းထောင်းရနေသေး၏ ။
သူမူးနေတာပဲ...ဒါနဲ့ ဘယ်အချိန်ကတည်းက အိမ်ရှေ့ရောက်နေတာလဲ?

လင်းကျစ်ရန်မှာ ပတ်ပတ်လည်ကိုတစ်ချက်ကြည့်လိုက်သော် အိမ်တံခါးရှေ့တွင် ပွစာကြဲနေသည့် အရက်ပုလင်းအခွံများကိုတွေ့လိုက်ရ၏ ။ ဒီလိုဆို ကျောက်မင်ဇယ်က အိမ်ရှေ့လှေကားမှာထိုင်ပြီး တစ်ညလုံးသောက်နေတာလား? ဒီလူက အိမ်အပြင်မှာ တစ်ချိန်လုံးရှိနေတုန်း သူကတော့ ဂိမ်းကိုသာ သည်းကြီးမဲကြီး ဆော့နေလေ၏ ။

ပြန်တွေးကြည့်ရင်း ကျောပင်ချမ်းချင်လာသည်...

လင်းကျစ်ရန်မှာ ရုတ်တရတ် စိုးရိမ်မိသွားပြီး ကျောက်မင်ဇယ်၏ မျက်နှာကို အသာပုတ်ကာစူးစမ်းကြည့်လိုက်သည် ။

" မင်းဘာတွေဖြစ်နေတာလဲ..အဆင်ပြေရဲ့လား "

ထိုလူ၏ နှုတ်ခမ်းနှစ်လွှာက မဆိုသလောက်လေး ပွင့်လာပြီး ခပ်တိုးတိုး ညည်းလေ၏ ။ လင်းကျစ်ရန်မှာ ကျောက်မင်ဇယ်အား အဝေးသို့ တွန်းထုတ်ပစ်ချင်မိသည့်တိုင် ပြန်တွေးကြည့်မိသော် ဒီဗီလိန်ကောင်က မူးချင်ယောင်ဆောင်နေတာမျိုးလည်း ဖြစ်နိုင်ပေ၏ ။ သူ မဆင်မခြင် လုပ်လိုက်ပါက ကောင်းကျိုးမရှိသလို ဗီလိန်ကိုလည်း အလွယ်တကူ ရန်မစရဲသောကြောင့် လင်းကျစ်ရန်မှာ ကျောက်မင်ဇယ်ကိုသယ်ပိုးပြီး ဆိုဖာပေါ်တွင်နေရာချပေးဖို့ ကြိုးပမ်းတော့၏ ။

သို့သော် ဒီအမူးသမား ကျောက်မင်ဇယ်က တော်တော်ကြီးကို လေးလံ၏ ။ အရွယ်ရောက်ပြီးသား အမျိုးသားတစ်ယောက်ကို သယ်ဖို့ရာကပင် တော်တော်ကြီးမလွယ်ကူရာ ၊ ပိုဆိုးသည်က ကျောက်မင်ဇယ်မှာ အရပ်ရှည်နေခြင်း ဖြစ်သည် ။ ၁.၉ မီတာလောက် ရှိမည်ထင်၏ ။

ဒီတစ်ခါလည်းဇာတ်လမ်းသွေဖည်သွားပြန်ပြီလား?(MyanmarTranslation)Where stories live. Discover now