အပိုင်း(၃၄.၂)

1.8K 238 2
                                    


Unicode.

မူယန်ဟာ ကျိုးယွဲ့နှင့်အတူပြန်လိုက်လာခဲ့သည်။သူ့အမှားကို ဝန်ခံဖို့လည်းပြင်ဆင်ထားပြီးသားဖြစ်သည်။ သို့သော် အပြန်လမ်းတွင် ကျိုးယွဲ့က အမိန့်တစ်ခုကို ရလိုက်ပြီး အံ့ဩသောအမူအရာဖြင့် သူ့ကိုပြောလာခဲ့သည်။ " အခုတင်ပဲ အကြီးအကဲချီဖုန်းက ငါတို့သွားစရာမလိုတော့ဘူးလို့ပြောတယ်။ လီယဲ့ ကိစ္စကို ဖြေရှင်းလို့ပြီးသွားပြီ။ "

မူယန်မှာ နားမလည်နိုင်ဖြစ်သွားပြီး သူ့ကိုရှုပ်ထွေးစွာကြည့်လိုက်သည်။ ကျို့ယွဲ့သည်လည်း နားမလည်နိုင်။သူ အစကအကြီးအကဲကြီး စစ်မေးမှာနဲ့ပတ်သက်ပြီး စိုးရိမ်နေခဲ့တာ။ အကြီးအကဲကြီးသာ ဒီကိစ္စအပေါ် အညှာမပေးဘဲ လိုက်လံဖမ်းဆီးခိုင်းပါလျှင် လီယဲ့ လွတ်မြောက်ဖို့ ခက်ခဲသွားလိမ့်မည်။ စင်ကြယ်သောနန်းတော်က သူ့ကိုအမိဖမ်းဖို့ဆုံးဖြတ်လိုက်လျှင်လည်း လွတ်မြောက်ဖို့မလွယ်ကူနိုင်။ သို့ပေမယ့် ဒီလို ကိစ္စကြီးက အခုတော့ အငွေ့ပျံသလို ပျောက်ကွယ်သွားခဲ့သည်။ ဘယ်သူမှ အရေးယူခြင်းမရှိကြတော့။

သို့သော် သူက မူယန့်ပုခုံးကို အသာပုတ်ပေးလိုက်ပြီး အဓိပ္ပါယ်ပါပါ ပြောလိုက်သည်။ " ဒါက ဒီလောက်မလွယ်ကူသင့်ဘူး။ "

မိစ္ဆာကျင့်ကြံသူကိုလွှတ်ပေးလိုက်တာက ချီရန်မသေမျိုးလောကမှာ ခွင့်မလွှတ်သင့်တဲ့ ပြစ်မှုတစ်ခု ဖြစ်သည်။ အကြီးအကဲချီဖုန်းကို ဒီကိစ္စအား အရေးမယူစေဘဲ အသာတကြည်လွှတ်ပေးနိုင်အောင် ဘယ်သူလုပ်နိုင်မှာလဲ။အရှင်ရွှမ်းရန်ကြောင့်သာမဟုတ်ရင် ဒီကိစ္စကို အလွယ်တူဖြေရှင်းလို့ ပြီးသွားနိုင်မှာမဟုတ်။

အရှင်က မထင်မှတ်ထားလောက်အောင် သူ့တပည့်အပေါ် ညှာတာလွန်းသည်။ ဒီလို ပြစ်မှုကျူးလွန်ခဲ့တာတောင် ခွင့်လွှတ်ပေးခဲ့သည်။ လုံးဝမထင်မှတ်စရာကောင်းသည့်အရာပေ။

ဒါက လီယဲ့ရဲ့ကံ နဲ့လည်းဆိုင်သည်။

မူယန်က ခဏမျှ တိတ်ဆိတ်နေသည်။ သူလည်း ဘာကြောင့်လဲဆိုတာ သိချင်သည်။ ရွှမ်းရန်​၏ အမိန့်ကြောင့်သာ အကြီးအကဲချီဖုန်းက ဒီကိစ္စကိုဆက်ပြီး အရေးမယူတော့တာဖြစ်သည်။ သို့ပေမယ့် သူရွှမ်းရန်ကိုတောင်းဆိုခဲ့တုန်းက သဘောမတူခဲ့မှန်း အသိအသာပင်။ ဘာလို့ အခုမှ လီယဲ့ကိုလွှတ်ပေးချင်တာလဲ။

ဒီတစ်ခါလည်းဇာတ်လမ်းသွေဖည်သွားပြန်ပြီလား?(MyanmarTranslation)Where stories live. Discover now